Posts

Showing posts from July, 2021

"ကျနော်သိတဲ့ ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးအကြောင်း" အိုက်နီ(ဖြူး)

Image
  USA – editors @ moemaka.net ((510) 854-6501) Saturday, July 31, 2021 အိုက်နီ(ဖြူး) - ကျနော်သိတဲ့ ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးအကြောင်း Photo- Crd ကျနော်သိတဲ့ ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးအကြောင်း အိုက်နီ(ဖြူး) (မိုးမခ) ဇူလိုင် ၃၁၊ ၂၀၂၁ ကျနော်ဘဝမှာနိုင်ငံရေးသမားများစွာ ကြုံတွေ့ဖူးပါတယ်။ အမှတ်တမဲ့ ကြုံတွေ့ဖူးတာတော့မဟုတ်ပါဘူး၊ နိုင်ငံရေးကိုစိတ်ဝင်စားလှတဲ့ကျနော်ကနိုင်ငံရေး သမားကြီးတွေဆီမရောက်ရောက်အောင်သွားခဲ့တာပါ။ ကျနော်ကြုံတွေ့ဖူးတဲ့အထဲလက်ဝဲအယူအဆရှိတဲ့နိုင်ငံရေးသမားများ၊ မာ့က်စ်ဝါဒီကြီးတွေ၊ လစ်ဘရယ်ဝါဒီ၊ လူမျိုးစုအမျိုးသားရေးလွတ်မြောက်ရေးဝါဒီတွေ၊ ဖီမန်နင်ဇင် ကျားမတန်းတူရေးဝါဒီတွေ၊ သခင် သင်မအမည်ယူထားတဲ့ တို့ဗမာအစည်းအရုံးဝင် ဝံသာနုတွေ အစုံစုံအလင်လင်ပါပဲ။  ကျနော်ဆုံတွေ့ဖို့ကြိုးစားခဲ့တဲ့အထဲ အမှတ်တရဖြစ်ရတဲ့အထဲမှာ ဦးလှချစ်လို့ခေါ်တဲ့ ပြည်မြို့ကဝါရင့်နိုင်ငံရေး သမားကြီးတယောက်လည်း အပါအဝင်။ သူက ၆၂ ကျောင်းသားခေါင်းဆောင် ဦးလှရွှေ(အောင်သာPPP) တို့နဲ့ ခေတ်ပြိုင်ဝါရင့်နိုင်ငံရေးသမားတဦးပါ။ မှတ်မှတ်ရရ ၂၀၁၄ ခုနစ် ဖေဖော်ဝါရီလမှာ ထိုင်း-မြန်မာနယ်စပ်ကနေ ပြန်ရောက်လာပြီး လယ်ယာမြေသိမ်းဆည်းခံရလို့ ပူဆ...

ကြွေလွင့်နေတဲ့ နွေဦးပန်းနီနီတွေ

 နွေဦးမှာ တဖြုတ်ဖြုတ် ကြွေနေကြရတယ် ကြွေနေတာကိုက ပွင့်နေတာပါလို့ ပြောဖို့ခွန်အားမရှိခဲ့။ ပန်းနီနီတွေ ကြွေတဲ့ ဒီနွေဦးကို  ဘယ်လို ကင်မွန်းတပ်ရမလဲ နွေဦးကို ဥသြသံနဲ့ ကြိုခွင့်မရခဲ့ ကြေးစည်သံနဲ့ ကြိုနေရတာ နာကြည်းလိုက်ရတာ။ အာဏာရှင်ဘေး ကပ်ဘေးတွေက  လူမမယ်အရွယ်ကစ သက်ကြားအိုထိ မျက်မမြင်လူသတ်သမားပမာ အမှည့်ခြွေနေကြ ဒီကာလမှာ သေစေချင်တာကို ရှင်အောင်နေနေရတာ ပင်ပန်းလှပါပြီ စစ်အာဏာရှင်စနစ်ကျဆုံးပါစေဝ်သား အကြိမ်ကြိမ် ကြွေးကြော် မြည်တမ်းနေမိ။                     အိုက်နီ(ဖြူး)          ဇူလှိုင်လ၂၇ရက်၊ ၂၀၂၁ခုနစ်

"အာဇာနည်ခေါင်းဆောင်ကြီးများပေးအပ်ခဲ့တဲ့ သမိုင်းလက်ဆင့်ကမ်းအမွေ" အိုက်နီ(ဖြူး)

      ဘဝဆိုတာ တိုက်ပွဲဆင်ရင်းရှင်သန်ရတဲ့ တရားဟာ ကမ္ဘာတည်သရွေ့မှန်ကန်နေမဲ့တရားပါ။ ရှင်သန်ဖို့ ရုန်းကန်ရင်း ၊ ရုန်းကန်ရင်း ရှင်သန်နေရတာ လူ့သဘာဝပါ။ တိုင်းပြည်မှာလည်း အမျိုးသားလွတ်မြောက်ရေး အဖိနှိပ်ခံလူတန်းစားဘဝလွတ်မြောက်ရေး လှုပ်ရှားမှုတွက အချိန်စက္ကန့်နဲ့အမျှ ရုန်းကန်နေရဆဲပါ။ နယ်ချဲ့အရင်းရှင်ဗြိတိသျှအစိုးရရဲ့ ကျူးကျော်စစ်၃ကြိမ် ကျူးကျော်မှုက ၁၈၈၅ခုနစ်မှာ စုန်းစုန်းမြှပ်ပြီး နယ်ချဲ့လက်ထဲရောက်သွားခဲ့ပါတယ်။ ၁၉၀၃ ရှိခိုးသပိတ်၊ ၁၉၂၀ကျောင်းသားသပိတ်၊ YMBAအမျိုးသားရေး လှုပ်ရှားမှုကအစပြုပြီး ၁၉၃၀ဆရာစံပုန်ကန်မှု၊ ၁၉၃၆၊၁၉၃၈ကျောင်းသားတိုက်ပွဲတွေ ကနေ လက်နက် စွဲကိုင်တော်လှန်ရေးကသာ ဗမာပြည်လွတ်လပ်ရေးကို အဆုံးအဖြတ်ပေးလိုက်ပါတယ်။ အမျိုးသားလွတ်လပ် ရေးတိုက်ပွဲမှာ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ မျိုးချစ်ဗမာ့တပ်မတော် နဲ့ လူမျိုးပေါင်းစုံပြည်သူလူထု၏ ခုခံ တော်လှန်ရေးစစ်ပွဲတွေကြောင့် နယ်ချဲ့ဗြိတိသျှရော ဖက်ဆစ်ဂျပန်ကိုပါ အောင်ပွဲရရှိခဲ့တာ ဖဆပလဆိုတဲ့ အမျိုးသားညီညွတ်ရေး တပ်ပေါင်းစုကြောင့်ပဲဖြစ်ပါတယ်။ လွတ်လပ်ရေးတိုက်ပွဲကို တစ်ဦးကောင်း တစ်ယောက်ကောင်း တိုက်ပွဲ ကြောင့်မဟုတ်ဘဲ စုပေါင်းစုဖွဲ့မှု စုပေါင်းခေါင...

"တသက်တာတော်လှန်ရေးသမားရဲ့ဘဝနေဝင်ချိန်ဟာ ဂုဏ်ရောင်ထွန်းပြောင်နေဆဲပါ" အိုက်နီ(ဖြူး) (မိုးမခ) ဇူလိုင် ၁၇၊ ၂၀၂၁

ဘဘဦးလှ​ရွှေဟာ ဇူလိုင်လ ၁၅ ရက်နေ့ ညဦးပိုင်း ၇း၁၇ မိနစ်ခန့်က ကိုဗစ်-19 ရောဂါနဲ့ အောက်ဆီဂျင်ပြတ် လပ်ပြီး အသက် ၈၄ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တယ်လို့ မနေခြည်(ဦးလှရွှေ၏သမီး)ဆီကကြားသိတဲ့အခါ အင်မတန်တုန့်လှုပ်ခဲ့ရပါတယ်။ ဘဘ ဦးလှရွှေကို ဘိုကလေးမြို့မှာ မွေးဖွားခဲ့ပြီး အလယ်တန်း၊ အထက်တန်း ကျောင်းသားဘဝကတည်းက မြို့နယ်ကျောင်းသားသမဂ္ဂမှာ တက်ကြွစွာပါဝင်ကာ တက္ကသိုလ်ဝင်တန်းအောင် မြင်ပြီးချိန်မှာ​တော့ ရန်ကုန်တက္ကသိုလ်မှာတက်ရောက်ပညာသင်ကြားခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာတက်ရောက်ပညာသင်ကြားစဥ် ရန်ကုန်တက္ကသိုလ်ကျောင်း သားများသမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးတာဝန်ယူခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်က သမိုင်းမှာထင်ရှားခဲ့တဲ့ ၇ ဂျူလှိုင်ကျောင်းသားအရေးတော်ပုံကြီးမှာ ဦးလှ​ရွှေဟာ တကသ၊ ဗကသကျောင်းသားခေါင်းဆောင်အဖြစ်ဦးဆောင်ခဲ့ပြီး စစ်အာဏာရှင်ဗိုလ်နေဝင်းက ကျောင်းသားသမဂ္ဂအဆောက်အဦကို မိုင်းခွဲဖြိုခဲ့သလို ကျောင်းသားရာကျော်ကိုလည်း ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ နိုင်ငံရေးခံယူချက်ပြင်းပြလှတဲ့ဦးလှရွှေက စစ်အာဏာရှင်စနစ်ကိုလက်နက်စွဲကိုင်တော်လှန်ဖို့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့အတူ တောခိုခဲ့ပ...

"WAR"

                                  Rain is falling .                                Tear with raining .                            The world is unhappy.                           Fully in the world by war.                                I hearing ,                         Baby crying,people hungry                                S...

"အရင်းရှင်စံနစ်အသက်သွင်းနေပြီလော"

           သဘာဝလောကြီး၏ ဆင့်ကဲတိုးတက်ပြောင်းလဲမှုလာသည်နှင့်အမျှ သတ္တလောကကြီးသည်လည်း အဆင့်မြင့်မားဉာဏ်ရည်တိုးတက်လာခဲ့သည်။ထိုထဲတွင် လူသားသည်ဉာဏ်ရည်အမြင့်မားဆုံးနှင့် အဆင့်မြင့် ဆုံးသောသတ္တဝါဖြစ်သည်။လူများ၏ တိုးတက်ပြောင်းလဲမှုအရ ပဒေသာပင်စံနစ်၊ ကျေးပိုင်ကျွန်ပိုင်စံနစ်၊ ပဒေသာပင်စံနစ်၊အရင်းရှင်စံနစ်၊နယ်ချဲ့စံနစ်၊ ဓနရှင်စံနစ်၊ဖက်ဆစ်စံနစ်၊အာဏာရှင်စံနစ်စသည်ဖြင့် အဆင့် ဆင့်တိုးတက်လာပြီး ယခုအခါကမ္ဘာကြီးတွင် ဒီမိုကရေစီ စံနစ်ရေပန်းစားကျင့်သုံးလာခဲ့သည်။ကျွှနုပ်တို့ မြန်မာနိုင်ငံသည်လည်း တနိုင်ငံအပါအဝင်ဖြစ်လာခဲ့ပြီး ကမ္ဘာတွင်ပြုပြင်ပြောင်းလဲရေး ကြွေးကြော်သော နိုင်ငံပေါင်း(၁၂၁)နိုင်ငံမြောက်ဖြစ်လာသည်။ထိုနိုင်ငံများတွင် အမှန်ပြုပြင်ပြောင်းလဲသောနိုင်ငံမှာ (၂၀)မျှသာ အောင်မြင်ခဲ့သည်။        လက်ရှိကျွှန်တော်တို့နိုင်ငံ ပြုပြင်ပြောင်းလဲမှု စိတ်ထောင်းအားရသူရှိသကဲ့သို့ ယုံကြည်မှုမရှိသော အင်အားစုလည်းရှိမည်ဟုကျွှန်တော်ထင်ပါသည်။ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံခြားခရီးစဉ်တခုတွင်  လက်ရှိ ပြုပြင်ပြောင်းလဲရေးမှာ စည်းစံနစ်မကျဟုဝေဖန်ပြောဆို...

"ကွန်မြူနစ်တစ္ဆေအခြောက်ခံရတုန်းပဲလား"

       ကိုလိုနီစံနစ်နှင့်အတူ အရင်းရှင်စံနစ် ဖွားတော်ဖက်ကဲ့သို့မွေးဖွားလာခဲ့သည်မှာ ကွန်မြူနစ်စံနစ် ဆိုရှယ်လစ်စံနစ်များပင်ဖြစ်သည်ကိုငြင်းချက်ထုတ်မည်ဟုမထင်ပါ။ကိုလိုနီစံနစ်ကြောင့် အရင်းရှင်အမြောက်အမြား ပေါ်ထွန်းလာခဲ့သည်။အရင်းရှင် ဓနရှင်တို့၏ဖိနှိပ်မှုကိုအဓိကခံစားရသူများ အခြေခံလူတန်းစားတွေဖြစ်သည့် အလုပ်သမား လယ်သမား ပျံကျတွေပေါ့ ။ထို့ကြောင့်ပညာတတ်လူတန်းစားက ဖိနှိပ်ခံဘက်ကရပ်တည်ဖို့ ဖိနှိပ်သူတွေကို အရင်းရှင်တွေ၊ဓနရှင်တွေကို တော်လှန်ဖို့ ကားမက်၊အိန်ဂယ်တို့လို့ ဘောဂဗေဒပညာရှင်များက သိပံနည်းကျ ကွန်မြူနစ်ဝါဒကိုဖေါ်စပ်ပြီး အလုပ်သမား၊လယ်သမား အခြေခံလူတန်းစားတွေရဲ့ ပခုံးကိုင်လှုပ်ခြင်းဖြင့် ကိုလိုနီများတုန်လှုပ်စေခဲ့သည်ကိုမည်သူမှ ငြင်းလို့ရမည်မဟုတ်ပါ။ ခိုင်းတာလုပ်လျင် လစာရမည် ဝမ်းဖြည့်ရမည်ဆိုသောသေးငယ်သော အယူဝါဒကို တွန်းဖယ်ပြီး အလုပ်သမားခွန်အားမရှိလျင် အရင်းရှင်များ ဘဝရပ်တည်မှုမလုပ်နိုင်ကြောင်း ကျွန် ၊အလုပ်သမား၊မရှိလျင် သခင် အလုပ်ရှင်ဖြစ်လာစရာအကြောင်းမရှိသည်ကို လက်တွေ့ပြသခြင်းဖြင့် စက်မှုတော်လှန်ရေးများ၊လယ်သမားတော်လှန်ရေးများ၊ပေါ်ပေါက်စေခဲ့သည်။(ဥပမာ- ဗမာပြည်တွင် ဆရာစံလယ်သမားပုန်ကန်မှု...

"ဘော်ရှီဗစ်"

     အရှေ့အရပ်ဆီမှ သူရကန်စက်ဖန်ဂယက်နေမင်းကြီးလည်း တောင်တွေကိုအဆင့်ဆင့်ကျော်ဖြတ်ပြီး နာရီပြင်စက်ရုံအလုပ်သမားတန်းလျားဆီသို့တရွေ့ရွေ့ချီတက်လာချေပြီ။ရိုးတိုးယဲ့တဲ့ တန်းလျားလေးမှကုန်းကုန်းကွကွ ထကာအနည်ထိုင်သော ရေကိုလက်ဝါးခတ်ပြီး အိမ်သူဇနီးအသင့်ပြင်သောချိုင့်ပိန်ပိန် ဆီရယ်မပါ ပဲပေါင်းနှင့် နီတာလန်ထမင်းကြမ်းကိုတိုးကြိတ်ထည့်ပြီးအသင့်ပြင်။ဆောင်ပါးပါးအတွင်း ခွေကာခေါက်ရျ် အိပ်ပျော်နေသော ကလေးငယ်ရဲ့နဖူးပြင်ကိုပြေးရှိုက်နမ်းပြီး ဝတ်နေကျ လက်မောင်းပြဲအကျီကို ဝတ်ပြီး မိမိတန်းလျားမှ တရွေ့ရွေ့ထွက်ခွါလာခဲ့သည်။         အချိန်နီးကပ်သော်လည်း ဥသြရယ်မဆွဲ စက်ရုံဝန်းမဖွင့် ဝန်းအဝမတ်တပ်ရပ်လျက် အလုပ်သမားထုငေးငေးမောမောဆောင်းအေးအေးမှာ ခွေကာမနေ အလုပ်ရုံဆီလာကျလမ်းမှာ ချိုင့်ပိန်တွေကိုယ်စီ အကြော်တချပ် လင်နှင့်မယား သားသမီးတွေဝေကာစားကာ ကြွားစရာမရှိ ကြံဖန်ကြွားပြီးဟာသနှောနေတဲ့ အိုအလုပ်သမားထု။တီ..............တီ............တီ...ဥသြသုံးချက်နားဝယ်ကြားတော့ သံချေးတက်လှ ဝန်းတံခါးကြီးတဂျိမ်းဂျိမ်းနှင့်ဆွဲကာ ဖွင့်ပေမဲ့ လုကာယက်ကာ အပြိုင်မဝင် ညီညာစီတန်း တလှမ်းချင်းနှင့်အလုပ်ရုံဆီသို့။ ...

"ဘယ်လဲ ဘာလဲ"

ခေတ်ပျက်မှာ လူဖြစ် ဖေါက်ပြန်သူ လက်ထဲက ရေ ။ ငွေများတော့တရားနိုင် တို့မှာ ငွေမရှိ အာဏာမရှိ အရှုံးကို ခံယူချက်နဲ့ တိုက် ။ မာန်မလျော့ရုံ ဘာတတ်နိုင်မလဲ ဖေါက်ပြန်သူတို့ တိုက်စား ဂလိုဘယ်လိုက်ဇေးရှင်းခေတ်။ ဆင်းရဲရုံ ပစ္စည်းမဲ့ရုံနဲ့ အရှုံးကို တပွေ့အပိုက် မျက်ရည်နဲ့ ပေါင်းဖက်ရုံ မှတပါး မတတ်နိုင်။ လူထုအလံ လူထု အစိုးရ ဘာလဲ ဘယ်လဲ။ ။ ဖေခိုင်သန်း(မြို့နီလေး) ၂၀၁၃ခုနစ်၊ မဲဆောက်မြို့ ထိုင်းနိုင်ငံ။ တော်လှန်ရေးထက်မြင့်မြတ်ခြင်းမရှိ။

"၈လေးလုံးအရေးတော်ပုံတာဝန်တရပ်"

     ၈လေးလုံး အရေးတော်ပုံ အချိန်ကာလနီးလာတော့ ကျနော်ရင်ထဲမှာ မကျေနပ်မှု နာကျည်းမှု အသဲနာမှု တွေခံစားရသည်ကတော့အမှန်ပင်။တပြိုင်နက်တည်းမှာပဲ ကျနော်လူထုလူတန်းစားပေါင်းစုံ ပါဝင်ဆန့်ကျင်ခဲ့သည် အားလုံးအသိပင်ဖြစ်သည်။၈လေးလုံးအရေးတော်ပုံက ကျနော်တို့ ပြည်သူလူထုတွေ ဘာအချက်တွေ တောင်းခဲ့တာလဲ?ကျနော်တို့ ရပြီလား ။မရသေးလျှင်ဆက်လက်တိုက်ပွဲဝင်ရမည်ဟု သမိုင်းပေးတာဝန်ပင်ဖြစ်သည်။စစ်အာဏာရှင်စံနစ်ဖျက်သိမ်းရေး၊ပါတီစုံဒီမိုကရေစီစံနစ်ကျင့်သုံးရေးစသည်တို့သည် အဓိကတောင်းဆိုချက် နှစ်ချက်ဖြစ်သည်။ထိုနှစ်ချက် တကယ်ရပြီလား။ပါတီစုံစံနစ်ရတယ်လို့ပြောပေမဲ့လည်း စစ်မှန်သော ပါတီစုံမဟုတ်ဘဲ လက်တစုပ်စာ စစ်အကျွန်းအကျန်တွက် သာ ဖန်တီးထားတဲ့ရွေးကောက်ပွဲဆိုတာကို ၂၀၁၀ရွေးကောက်ပွဲက သက်သေခံနေပါသည်။စစ်အာဏာရှင်စံနစ် ပျက်သုန်းပြီလော။မေးခွန်းက တော့အခြေအနေနဲ့အကိုက်ညီဆုံး မေးခွန်းပါ။၈လေးလုံးအရေးတော်ပုံ အဓိက MISSIONလည်းဖြစ်သည်။ပုံစံပြောင်း အမတ်တုတွေနဲ့ ၂၅%ရာခိုင်နှုန်း ရှိနေသမျှကာလပတ်လုံး ယေဘုယျ အားဖြင့် စစ်အာဏာရှင်စံနစ်နို့နံ့ မပြယ်သေးလို့ ဝေဖန်ရလိမ့်မည်။ဆိုရှယ်တုနဲ့ နေဝင်းအယုတ်က ပုံမှားရိုက်သလို နှစ်ပေါင်း၂၀ကျော်ကြာတောင်းခဲ့သော ဒီမ...

"ကွန်မြူနစ်ကြေငြာစာတန်း"

ကွန်မြူနစ်ကြေငြာစာတန်းသည် ကားလ်မက်စ် ၏အနာဂတ်ဟောကိန်းဟုယေဘုယျအားဖြင့်သတ်မှတ်နိုင်သည်။အခန်း(၁)တွင် ဓနရှင်နှင့် ပစ္စည်းမဲ့ဟူ၍လည်းကောင်း အခန်း(၂)တွင်ဓနရှင်နှင့် ကွန်မြူနစ်ဟူ၍လည်းကောင်းအခန်း(၃)တွင်ဆိုရှယ်လစ်နှင့်ကွန်မြူနစ်စာပေ ၊အခန်း(၄)တွင်တည်ရှိနေသော ဆန့်ကျင်ဘက်များဟူ၍အသီးသီး ဖေါ်ပြခဲ့သည်။ယင်းအထဲမှ အခန်း(၁)နှင့် အခန်း(၂)ကို ကျနော်ဆွေးနွေးပါမည်။လူသားများ လက်နက်ကိုင်ဆောင်မှု တိုးတက်လာသည်နှင့်အမျှ အတွေးအခေါ်အသိဉာဏ်တိုးတက်လာခဲ့သည်။ပဒေသာပင်စံနစ်တွင် ကျောက်ခဲတန်ဆာပလာကိုင်ဆောင်မှုမှသည် သတ္တုများကိုလက်နက်ဖြင့်ပြောင်းလဲကိုင်ဆောင်လာသည်နှင့်တပြိုင်နက်အသိပညာ သည်လည်းတိုးတက်လာသည်။ဆင့်ကဲတိုးတက်မှုဖြစ်ပျက်သည်နှင့် တပြိုင်နက် ပဒေသာပင်စံနစ်မှသည် ပဒေသရာဇ်စံနစ်အဖြစ်သို့ဆင့်ကဲပြောင်းလဲလာသည်။ပဒေသရာဇ်စံနစ်အောက်တွင် နယ်မြေအတိအကျမရှိစေကာမူ ရေမြေ့အရှင် ဟုဆိုရမည်ဖြစ်သည်။ရေမြေကိုပိုင်စိုးလှသည် မြေရှင်စံနစ်သို့ပြောင်းလဲလာမည့်လူတန်းစားတရပ်သည် တွန်းလှန်ပြီး ပဒေသရာဇ်စံနစ်ကိုဖြုတ်ချပြီး လူတစုလက်ထဲ မြေယာအများစုပိုင်ဆိုင်ရေး မြေရှင်ပဒေသရာဇ်စံနစ်သို့ပြောင်းလဲလာခဲ့သည်။မြေရှင်စံနစ်အောက်တွင်လည်း လွတ်လပ်စွာကူးသန်းရောင်းဝယ်ခွင့် ...

"ပန်းပွင့်နှင့်တူသောသူ "(ဆရာဒဂုန်တာရာ ကျဆုံးခြင်း ညှိုးငယ်စွာ ရေးစပ်သည်)

 ကဗျာကို ချစ်သောသူ  ကဗျာက ချစ်သောသူ  လူထုကို ချစ်သောသူ  လူထုက ချစ်သောသူ  သူ....သူ..........။  တော်လှန်ရေးကို ကမ်းလင့်သူ  ဗဟိန်း အောင်ဆန်း ကိုချစ်တဲ့သူ  ပါတီကို ချစ်တဲ့သူ  ပါတီက အသိအမှတ်ပြုတဲ့သူ  လွတ်လပ်ရေးကို ချစ်တဲ့သူ ငြိမ်းချမ်းရေးကို ချစ်တဲ့သူ  ဗဟိန်းကို ကဗျာဆရာဖြစ်စေချင်တဲ့သူ  ဗဟိန်းက တော်လှန်ရေးသမားဖြစ််စေချင်သူ  ပန်းပွင့်နှင့် တူသောသူ  သူ....သူချစ်တဲ့အရာတွေကို စွန့်ခွာ  ထာဝရငြိမ်းချမ်းရေးဆီ ရှိရာဆီ သွားလင့်ပြီ။  ဆရာ...မျိုးဆက်သစ်တွေ ပခုံး‌ပြောင်း  တာဝန်တွေနဲ့ ဆရာ့ကိုနှုတ်ဆက်လိုက်ပါတယ်။                                                ဖေခိုင်သန်း(မြို့နီလေး)                    ...