"အရင်းရှင်စံနစ်အသက်သွင်းနေပြီလော"



           သဘာဝလောကြီး၏ ဆင့်ကဲတိုးတက်ပြောင်းလဲမှုလာသည်နှင့်အမျှ သတ္တလောကကြီးသည်လည်း အဆင့်မြင့်မားဉာဏ်ရည်တိုးတက်လာခဲ့သည်။ထိုထဲတွင် လူသားသည်ဉာဏ်ရည်အမြင့်မားဆုံးနှင့် အဆင့်မြင့် ဆုံးသောသတ္တဝါဖြစ်သည်။လူများ၏ တိုးတက်ပြောင်းလဲမှုအရ ပဒေသာပင်စံနစ်၊ ကျေးပိုင်ကျွန်ပိုင်စံနစ်၊ ပဒေသာပင်စံနစ်၊အရင်းရှင်စံနစ်၊နယ်ချဲ့စံနစ်၊ ဓနရှင်စံနစ်၊ဖက်ဆစ်စံနစ်၊အာဏာရှင်စံနစ်စသည်ဖြင့် အဆင့် ဆင့်တိုးတက်လာပြီး ယခုအခါကမ္ဘာကြီးတွင် ဒီမိုကရေစီ စံနစ်ရေပန်းစားကျင့်သုံးလာခဲ့သည်။ကျွှနုပ်တို့ မြန်မာနိုင်ငံသည်လည်း တနိုင်ငံအပါအဝင်ဖြစ်လာခဲ့ပြီး ကမ္ဘာတွင်ပြုပြင်ပြောင်းလဲရေး ကြွေးကြော်သော နိုင်ငံပေါင်း(၁၂၁)နိုင်ငံမြောက်ဖြစ်လာသည်။ထိုနိုင်ငံများတွင် အမှန်ပြုပြင်ပြောင်းလဲသောနိုင်ငံမှာ (၂၀)မျှသာ အောင်မြင်ခဲ့သည်။
       လက်ရှိကျွှန်တော်တို့နိုင်ငံ ပြုပြင်ပြောင်းလဲမှု စိတ်ထောင်းအားရသူရှိသကဲ့သို့ ယုံကြည်မှုမရှိသော အင်အားစုလည်းရှိမည်ဟုကျွှန်တော်ထင်ပါသည်။ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံခြားခရီးစဉ်တခုတွင်  လက်ရှိ ပြုပြင်ပြောင်းလဲရေးမှာ စည်းစံနစ်မကျဟုဝေဖန်ပြောဆိုခဲ့သည်က အထင်အရှားပင်။ သိန်းစိန်ဦးဆောင်သော ကြံဖွံ့အစိုးရ စစ်တပိုင်းအစိုးရ ၏လုပ်ရပ်များသည် အခြေခံလူတန်းစားကို ကိုယ်စားပြုမှု တစိုးတစိမျှမရှိဘဲ အရင်းရှင်စံနစ်ကိုအသက်သွင်းနေသလားဟု ဒိဟဖြစ်နေခဲ့ပါသည်။အဘယ့်ကြောင့်ဆိုသော် အရင် ကျော်ငြိမ်း ဗဆွေ၊  မောင်နု, မဆလ နေဝင်း ၊နဝတ စောမောင် ၊နအဖ သန်းရွှေ တို့ထက်အဆပေါင်းမြောက်မြားစွာ လယ်ယာမြေသိမ်းဆည်းမှုအရေအတွက်များပြားလာပြီး ကမ္ဘာ့ရင်းနှီးမြှပ်နှံမှု ကိုလက်ယပ်ငင်နေခဲ့သည်။ ဓါးမ ဦးချ လုပ်ကိုင်ရာကျေးဇူးရှင်တောင်သူလယ်သမားများသည် ဒီမိုကရေစီနည်းအရ ဆန္ဒပြတောင်းဆိုရာတွင် နည်းဥပဒေကန့်သတ်၊ခွင့်ပြုချက်မပေးခဲ့သည်ကိုငြင်းချက်ထုတ်လို့ ရမည်မထင်ပါ။
       အရင်းရှင်စံနစ်၏သမိုင်းဖြစ်စဉ်အရ ကေဒါရပ်တည်ချက်ထားရှိခဲ့စမြဲပင်။ထို့အတူ သိန်းစိန်ဦးဆောင်သော စစ်တပိုင်းအစိုးရ ကြံ့ဖွံ့အစိုးရသည် စစ်တပ်အငြိမ်းစားရံ့ပုံ့ငွေ အမည်ခံဦးပိုင် (ခရိုနီတမျိုး/ခေတ်ပျက်သူဌေး) ကိုထွင်ထားသည်အထင်ရှားပင်။ဦးပိုင်စစ်ခရိုနီများသည် အသားထဲကလောက်ထွက်ကျော်ငြိမ်း တို့အုပ်စု တောင်မလုပ်ဝံ့သောလုပ်ရပ်များကို လက်ရှိစစ်တပိုင်းအစိုးရ ကြံဖွံ့အစိုးရလုပ်ဆောင်နေသည်မှာ ရွံ့ရှာ နာကြည်းစရာကောင်းလှပါသည်။သမိုင်းတရားခံတွေဘယ်လိုပဲ မိုက်ခဲ့ မိုက်ခဲ့ အဏာဘယ်လိုပဲရူးခဲ့ ရူးခဲ့ လက်ရှိစစ်ခရိုနီဦးပိုင်လောက်လက်ရဲဇက်ရဲ နိုင်ပုံနှင့်နှိုင်းယှဉ်လျှင် မည်မျှပင်ရှိပါတော့သနည်း။ လူထုဆန္ဒကို ဆန့်ကျင် ထင်ရာစိုင်းတဲ့ နွားရိုင်းတအုပ်ကြောင့် တိုင်းပြည်အနာဂတ်မတွေးရဲစရာ သူတို့ပြောတဲ့ ပြုပြင် ပြောင်းလဲရေးဟာ အိပ်ယာဝင်ပုံပြင်လောက်တောင် အိပ်ပျော်နိုင်ပါ့မလားတွေးတောနေမိပါသည်။
       နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ကုမ္ပဏီများအား ဂတိလွယ်လွယ်နှင့်ပေးခဲ့ပြီး လုပ်ကွက်များကို ဝကွက်အပ်ခဲ့ပြီးမှ ဂတိပေးပြီးလွယ်လွယ်နှင့်ဖျက်မရကြောင်းပြောသော ကော်မရှင်ကိုလည်း အံ့သြရင်နာမိပါသည်။ မျှော်လင့် ချက်ကြီးကြီးထားခဲ့သောကြောင့်လည်း နောင်တရမိပါသည်။လက်ရှိတရုတ်ကုမ္ပဏီနှင့်ဂတိပျက်လျှင် အခြား မည်သည့်ရင်းနှီးမြှပ်နှံမှု မဝင်သည်ဆိုးသည့်အဖြေမှာ လွဲချော်နေပါသည်။တရုတ်ကုမ္ပဏီမထွင်သေးရျ် ရင်နှီး မြှပ်နှံမှု ဥပဒေမထွက်သေးရျ် အမေရိကန်လိုနိုင်ငံကြီးမှ ဝင်မလာသေးခြင်းဖြစ်သည်။အမေရိကန်နိုင်ငံ သည် မည်သည့်နိုင်ငံကိုမျှလစ်လျူရှုလေ့မရှိ အမြဲစောင့်ကြည့်ခြောင်းမြောင်းနေသည်ကို ၁၉၆၆ခန့်က ဦးနေဝင်းအား အမေရိကန်ကိုခေါ်ယူမိန့်ခွန့်ပြောကြားခြင်းသက်သေခံလျက်ရှိပါသည်။ထို့ကြောင့်ဂတိလွယ်လွယ်နှင့်ပေးခဲ့လျှင် လွယ်လွယ်နှင့်ပဲဖျက်ရမည်ဖြစ်သည်။
      သမိုင်းတွင်လည်းအရင်းရှင်စံနစ်သည် မိမိတို့ဘဝချမ်းသာရေးအတွက် လယ်သမား၊အလုပ်သမား ဂုတ်သွေးစုပ်မော်မကြည့်ရဲအောင်ဖိနှိပ်ခဲ့ပြီး မိမိတို့အကျိုးစီးပွားထိပါးလာခဲ့ပါက ခွင့်လွှတ်သည်းခံမှု သနား ညှာတာမှုမရှိသတ်ဖြတ်ချေမှုန်းတတ်သည်ကိုအားလုံးအသိပင်။ယင်းကဲ့သို့ပင် လက်ရှိစစ်တပိုင်းအစိုးရ ကြံ့ဖွံ့ အစိုးရသည် ၎င်းတို့အကျိုးစီးပွားထိပါးသောအခါ မီးလောင်ဗုံး လူသတ်လက်နက် အမျိုးမျိုးနှင့် ဖြိုခွင်းလာ သည်က သက်သေခံလျက်ရှိသည်။ဥပမာ-လက်ပံတောင်းတောင်ဖြိုခွင်းမှု။ မအူပင် မလက်တို လယ်သမား အဓိကရုဏ်း၊ ကချင်စစ်မီး အခြားသောဆန္ဒပြသူများကို မတရားဖမ်းဆီးရိုက်နှက်တရားစွဲဆိုမှုများက အထင် အရှားပင်။မကြာသေးခင်ကဖြစ်ပွားခဲ့သော ‌ေမိထ္တီလာအကြမ်းဖက်မှု၊ပဲခူးအနောက်ခြမ်းအကြမ်းဖက်မှု များ သည်၎င်းတို့အကျိုးစီးပွားမထိခိုက်သောကြောင့် ထိရောက်သောအရေးယူမှု ဖြိုခွင်းမှု ဖမ်းဆီးမှုမရှိဘဲ အကြမ်း ဖက်နေစဉ်ဝင်ရောက်တားမြစ်ခြင်းမရှိဘဲ စောင့်ကြပ်ပေးနေသောအမူအကျင့်ကို အားလုံးအသိပင်။ အရင်းရှင် စံနစ်ကိုသက်သွင်းနေသည်လောဟု ကျွှန်တော်ဒိဟဖြစ်မှုသည် မှားမည်မထင်ပါ။

      လူတိုင်းတွင် အမြင်ကိုယ်စီရှိပါသည်။ထိုအမြင်များကို တင်ပြဆွေးနွေးနိုင်ပြီး အများလက်ခံနိုင်ဖို့ဆိုလျှင် အကြောင်းပြချက်ပေးခြင်းကဆုံးဖြတ်ပေးလိမ့်မည်ဟုထင်ပါသည်။ကျွှန်တော်သည် လက်ရှိစစ်တပိုင်းအစိုးရ ကြံဖွံ့အစိုးရသည် အရင်းရှင်စံနစ်ကို ပြန်လည်အသက်သွင်းနေသည်ဟုထင်မြင်ပါသည် ယူဆပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အကျိုးစီးပွားထိပါးလာလျှင် ညှာတာမှုမရှိ အစွန်းရောက်ဖြိုခွင်းပြီး  သူတို့၏ အကျိုးစီးပွားမထိခိုက်သော oicဆန္ဒပြမှု ရခိုင်ပြည် သိန်းစိန်ထောက်ခံပွဲ၊ အကြမ်းဖက်မှုများကို ထိရောက် သောဖြေရှင်းပေးမှုမရှိခြင်းက သက်သေခံလျက်ရှိနေသည်ကို တင်ပြဆွေး နွေးလိုက်ပါသည်။     ။

                                                             ဖေခိုင်သန်း(မြို့နီလေး)
၂၀၁၃ခုနစ်၊ မဲဆောက်မြို့ ထိုင်းနိုင်ငံ။

Comments

Popular posts from this blog

"ဒီမိုကရေစီပညာရေးအခဏ်းဆက်တိုက်ပွဲသည်" အိုက်နီ(ဖြူး)

“အာဏာသိမ်းစစ်ကောင်စီကို‌ ထောက်ခံခဲ့တဲ့ ဘယ်လာရုစ်နိုင်ငံဟာ ဘယ်လိုနိုင်ငံမျိုးလဲ”