"မင်းသေတာ မြတ်သည် ဒါကြောင့်မို့ တို့မငိုပြီ"

လောကကို အလှဆင်ဖို့

လင်းလက်ကြမယ့် 

အနာဂတ်ရဲ့ ကြယ်လေးတွေ

လူငယ်တွေရဲ့ဘဝဆိုတာ

အနာဂတ်ကို ပုံဖော်ထုဆစ်ထားကြ။


လူငယ်လေးဦးရဲ့ လုပ်ရပ်က

တော်လှန်ရေးကို ကိုယ်စားပြုသလို

အနာဂတ်ကိုလည်း ကိုယ်စားပြုပါတယ်။


ရန်သူရဲ့ လက်ထဲမှာ

အရှင်အဖမ်းမခံ 

သေခြင်းသာရွေးချယ်ခဲ့

မင်းသေတာ မြတ်သည် ဒါကြောင့်မို့ တို့မငိုပြီ၊ တို့မငိုပြီ။


တိုက်ပေါ်က ခုန်ချလိုက်တဲ့

လူငယ်လေးဦးရဲ့ အသက်က

အနာဂတ်ကို မှန်တယ်။


သူတို့ရဲ့ ပေးလိုက်တဲ့ အသက်က

တော်လှန်ရေးရဲ့ လမ်းစဥ်ကို ပုံဖော်ပြီး

စေ့စပ်ရေးက ငါတို့ ရန်သူ

သူသေငါရှင် တိုက်ရင်းသာ

အောင်ပွဲခံကြမည်။

                     အိုက်နီ(ဖြူး)


Comments

Popular posts from this blog

"ဒီမိုကရေစီပညာရေးအခဏ်းဆက်တိုက်ပွဲသည်" အိုက်နီ(ဖြူး)

“အာဏာသိမ်းစစ်ကောင်စီကို‌ ထောက်ခံခဲ့တဲ့ ဘယ်လာရုစ်နိုင်ငံဟာ ဘယ်လိုနိုင်ငံမျိုးလဲ”