"ကွန်မြူနစ်ကြေငြာစာတန်း"


ကွန်မြူနစ်ကြေငြာစာတန်းသည် ကားလ်မက်စ် ၏အနာဂတ်ဟောကိန်းဟုယေဘုယျအားဖြင့်သတ်မှတ်နိုင်သည်။အခန်း(၁)တွင် ဓနရှင်နှင့် ပစ္စည်းမဲ့ဟူ၍လည်းကောင်း အခန်း(၂)တွင်ဓနရှင်နှင့် ကွန်မြူနစ်ဟူ၍လည်းကောင်းအခန်း(၃)တွင်ဆိုရှယ်လစ်နှင့်ကွန်မြူနစ်စာပေ ၊အခန်း(၄)တွင်တည်ရှိနေသော ဆန့်ကျင်ဘက်များဟူ၍အသီးသီး ဖေါ်ပြခဲ့သည်။ယင်းအထဲမှ အခန်း(၁)နှင့် အခန်း(၂)ကို ကျနော်ဆွေးနွေးပါမည်။လူသားများ လက်နက်ကိုင်ဆောင်မှု တိုးတက်လာသည်နှင့်အမျှ အတွေးအခေါ်အသိဉာဏ်တိုးတက်လာခဲ့သည်။ပဒေသာပင်စံနစ်တွင် ကျောက်ခဲတန်ဆာပလာကိုင်ဆောင်မှုမှသည် သတ္တုများကိုလက်နက်ဖြင့်ပြောင်းလဲကိုင်ဆောင်လာသည်နှင့်တပြိုင်နက်အသိပညာ သည်လည်းတိုးတက်လာသည်။ဆင့်ကဲတိုးတက်မှုဖြစ်ပျက်သည်နှင့် တပြိုင်နက် ပဒေသာပင်စံနစ်မှသည် ပဒေသရာဇ်စံနစ်အဖြစ်သို့ဆင့်ကဲပြောင်းလဲလာသည်။ပဒေသရာဇ်စံနစ်အောက်တွင် နယ်မြေအတိအကျမရှိစေကာမူ ရေမြေ့အရှင် ဟုဆိုရမည်ဖြစ်သည်။ရေမြေကိုပိုင်စိုးလှသည် မြေရှင်စံနစ်သို့ပြောင်းလဲလာမည့်လူတန်းစားတရပ်သည် တွန်းလှန်ပြီး ပဒေသရာဇ်စံနစ်ကိုဖြုတ်ချပြီး လူတစုလက်ထဲ မြေယာအများစုပိုင်ဆိုင်ရေး မြေရှင်ပဒေသရာဇ်စံနစ်သို့ပြောင်းလဲလာခဲ့သည်။မြေရှင်စံနစ်အောက်တွင်လည်း လွတ်လပ်စွာကူးသန်းရောင်းဝယ်ခွင့် ပိုင်ဆိုင်ခွင့်အကြောင်းပြု၍ ဓနရှင်လူတန်းစားများသည်မြေရှင်စံနစ်ကို တော်လှန်ပြီး ဓနရှင်စံနစ်အရင်းရှင်စံနစ်သို့ကူးပြောင်းလာခဲ့သည်။ထိုအချက်များကိုကြည့်ချင်းဖြင့် လူအဖွဲ့အစည်းသည် ရုန်းကန်လှုပ်ရှားပင်ဖြစ်သည်ဟုကားလ်မက်စ်ဖွင့်ဆိုခဲ့သည်။ခေတ်တိုင်းခေတ်တိုင်းတွင် အဖိနှိပ်ခံရသောလူတန်းစားသည် အလုပ်သမားလူတန်းစားကျေးကျွန်၊ပစ္စည်းမဲ့လူတန်းစားပင်ဖြစ်သည်။တနေ့ထက်တနေ့ အလုပ်သမားအင်အားသည် စက်ရုံအလုပ်ရုံထဲကုန်ဆုံးပြီးစုစည်းမိလာပြီးအင်အားတနေ့ထက်တနေ့ကြီးထွားလာခဲ့သည်။တချိန်တွင်အလုပ်သမားလူတန်းစားသည် စုစည်းမိလာပြီးပါတီတရပ်အနေနဲ့ဖြင့် တော်လှန်ရေးဆင်နွှဲပြီးတိုင်းပြည်အာဏာယူကြမည်ဖြစ်သည်။အာဏာမျှသာလျင် အနာဂတ်ကိုပြောင်းလဲနိုင်မည်ဟု အလုပ်သမားလူတန်းစားတို့ကိုယ်တိုင် တိုက်ပွဲများ ရုန်းကန်မှုများကသင်ကြားပေးမှုကြောင့်သိမြင်လာမည်ဖြစ်သည်။ဓနရှင်အဓိပ္ပါယ်ရှင်းလင်းရမည်ဆိုလျှင် ယေဘုယျအားဖြင့် သွေးစုပ်သူ ဖိနှိပ်သူဟုဖွင့်ဆိုနိုင်သည်။တနည်းထုတ်လုပ်ရေးအင်အားစုကိုပိုင်ဆိုင်ပြီး(ထုတ်လုပ်ရေးအင်အားစုမှာ ကုန်ကြမ်း )အလုပ်သမားလူတန်းစားသည်မိမိဘဝရှင်သန်ရေးအတွက် လုပ်အားကိုရောင်းစားရသည်။အလုပ်သမားလူတန်းစားသည်အချိန်ပြည့်ကိုယ်ပိုင်လုပ်အားစွမ်းအားကုန်ခမ်းစေပြီး အရင်းရှင်လူတန်းစားသည် ကုန်ကြမ်းစိုက်ထုတ်ရုံဖြင့် အမြတ်အစွန်းအကျိုးအမြတ်ကို ထိုင်သုံးဖြုန်းရယူပစ်ပြီး ဝမ်းမဝခါးမလှရုံသာ အလုပ်သမားလူတန်းစားကို လုပ်ခဖြင့်ပေးကမ်းခဲ့သည်။ထို့ကြောင့်အလုပ်သမားလူတန်းစားတပ်ဦးပါတီမှ တွန်းလှန်ပြီးတိုင်းပြည်အာဏာကိုယူပြီးလူတန်းစားမဲ့ခရီး(အနာဂတ်နိုင်ငံတော်ဆီ)ကိုရောက်အောင်သွားရမည်ဖြစ်သည်။ထိုကာလကို ကားလ်မက်စ်မှ ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးကာလဟုသတ်မှတ်သည်။အလုပ်သမားလူတန်းစားမှ အရင်းရှင်လူတန်းစားကိုတော်လှန်သောကာလကို ဒီမိုကရေစီခေတ်ပြောင်းတော်လှန်ရေးကာလဟုသတ်မှတ်သည်။လူ့ဘဝသည်ရုန်းကန်လှုပ်ရှားခြင်း တနည်းဘဝဆိုသည် ဗီဇနှင့် ပတ်ဝန်းကျင်နှင့်ပေါင်းစပ်ခြင်းဖြစ်သည်ဟုသတ်မှတ်ထားသည်။ ။
ဖေခိုင်သန်း(မြို့နီလေး)

Comments

Popular posts from this blog

"ဒီမိုကရေစီပညာရေးအခဏ်းဆက်တိုက်ပွဲသည်" အိုက်နီ(ဖြူး)

“အာဏာသိမ်းစစ်ကောင်စီကို‌ ထောက်ခံခဲ့တဲ့ ဘယ်လာရုစ်နိုင်ငံဟာ ဘယ်လိုနိုင်ငံမျိုးလဲ”