"ဘယ်လဲ ဘာလဲ"
ခေတ်ပျက်မှာ လူဖြစ်
ဖေါက်ပြန်သူ လက်ထဲက
ရေ ။
ငွေများတော့တရားနိုင်
တို့မှာ ငွေမရှိ
အာဏာမရှိ
အရှုံးကို ခံယူချက်နဲ့
တိုက် ။
မာန်မလျော့ရုံ
ဘာတတ်နိုင်မလဲ
ဖေါက်ပြန်သူတို့
တိုက်စား
ဂလိုဘယ်လိုက်ဇေးရှင်းခေတ်။
ဆင်းရဲရုံ ပစ္စည်းမဲ့ရုံနဲ့
အရှုံးကို တပွေ့အပိုက်
မျက်ရည်နဲ့ ပေါင်းဖက်ရုံ
မှတပါး မတတ်နိုင်။
လူထုအလံ
လူထု အစိုးရ
ဘာလဲ ဘယ်လဲ။ ။
ဖေခိုင်သန်း(မြို့နီလေး)
၂၀၁၃ခုနစ်၊ မဲဆောက်မြို့ ထိုင်းနိုင်ငံ။
တော်လှန်ရေးထက်မြင့်မြတ်ခြင်းမရှိ။
Comments
Post a Comment