"ဘော်ရှီဗစ်"


    အရှေ့အရပ်ဆီမှ သူရကန်စက်ဖန်ဂယက်နေမင်းကြီးလည်း တောင်တွေကိုအဆင့်ဆင့်ကျော်ဖြတ်ပြီး နာရီပြင်စက်ရုံအလုပ်သမားတန်းလျားဆီသို့တရွေ့ရွေ့ချီတက်လာချေပြီ။ရိုးတိုးယဲ့တဲ့ တန်းလျားလေးမှကုန်းကုန်းကွကွ ထကာအနည်ထိုင်သော ရေကိုလက်ဝါးခတ်ပြီး အိမ်သူဇနီးအသင့်ပြင်သောချိုင့်ပိန်ပိန် ဆီရယ်မပါ ပဲပေါင်းနှင့် နီတာလန်ထမင်းကြမ်းကိုတိုးကြိတ်ထည့်ပြီးအသင့်ပြင်။ဆောင်ပါးပါးအတွင်း ခွေကာခေါက်ရျ် အိပ်ပျော်နေသော ကလေးငယ်ရဲ့နဖူးပြင်ကိုပြေးရှိုက်နမ်းပြီး ဝတ်နေကျ လက်မောင်းပြဲအကျီကို ဝတ်ပြီး မိမိတန်းလျားမှ တရွေ့ရွေ့ထွက်ခွါလာခဲ့သည်။
        အချိန်နီးကပ်သော်လည်း ဥသြရယ်မဆွဲ စက်ရုံဝန်းမဖွင့် ဝန်းအဝမတ်တပ်ရပ်လျက် အလုပ်သမားထုငေးငေးမောမောဆောင်းအေးအေးမှာ ခွေကာမနေ အလုပ်ရုံဆီလာကျလမ်းမှာ ချိုင့်ပိန်တွေကိုယ်စီ အကြော်တချပ် လင်နှင့်မယား သားသမီးတွေဝေကာစားကာ ကြွားစရာမရှိ ကြံဖန်ကြွားပြီးဟာသနှောနေတဲ့ အိုအလုပ်သမားထု။တီ..............တီ............တီ...ဥသြသုံးချက်နားဝယ်ကြားတော့ သံချေးတက်လှ ဝန်းတံခါးကြီးတဂျိမ်းဂျိမ်းနှင့်ဆွဲကာ ဖွင့်ပေမဲ့ လုကာယက်ကာ အပြိုင်မဝင် ညီညာစီတန်း တလှမ်းချင်းနှင့်အလုပ်ရုံဆီသို့။
         အလုပ်သမားများ တန်ဆာပလာချိုင့်ပိန်ပိန်မှလွဲပြီး အခြားဘာမှမရှိ။ နာရီတပ်ဆင်ရန် အသင့်ပစ္စည်းကိုစီစစ်ပေးပြီး လက်မှတ်ထိုးခိုင်း ယူကာငင်ရျ် တန်ဆာပလာ ဇာဂနာ၊ဝက်အူအသီးသီး မိုးတိုးမတ်တပ် နေဝင်သည်အထိ ခွန်အားမညှာမတာဂုတ်သွေးကိုစုပ်အရင်းရှင်ကြီး လုပ်ခလစာ ဘယ်သောအခါမှ မညီမျှ။ နေလည်ထမင်းစားချိန်ဥသြဆွဲတော့ လုပ်လက်စ အလုပ်ကိုသိမ်း ချိုင့်ပိန်ပိန်ကို ဆွဲထမင်းစားရာတန်းလျားဆီသို့။သူငါအပြိုင်ဆီရယ်မပါ ပဲပေါင်းကိုယ်စီ  ငပိရည်နှင့် အကြော်တချပ် ပြိုင်ကာစားပြီးအိတ်ကပ်ထဲမှ ဖက်ကြမ်းဆေးလိပ် အဖုံးမပါ မီးခြစ်နှင့် ခြစ်ကာတရှိုက်နှစ်ရှိုက် သုံးလေးရှိုက်ပြီး ဥသြသံ ပြန်ကြားအလုပ်ရုံဆီ ပြန်ဝင် တစခန်းထရပြန်ပြီ။လုပ်နေကျတိုင်း တာဝန်ကိုယ်စီ သတိထားရ ကိုယ်ကလက်တံတပ်ရင်  သူကဒိုင်ခွက်တပ်၊အခြားသူက စက်အပိုင်းပေါ့။နာရီတလုံးဖြစ်ဖို့ရာချီအလုပ်သမားများမနားမနေ လုပ်ကာနေပေမဲ့ သူတို့လက်ဝယ်နာရီတလုံး မပိုင်။နေဝင်ရစ်တော့ ဥသြသံ ကြားအလုပ်သိမ်းချိန် အလုပ်ရုံမှ ထုတ်ယူခဲ့သော ပစ္စည်းပြန်စစ် ပြန်အပ်ပြီး မှလက်မှတ်ထိုး။အလုပ်သမားတို့ တနေ့စာ ဆင်းရဲဒုက္ခမနည်းပေ။အိမ်သူဇနီးသားမယားဆီ အကျီလက်ပြဲချိုင့်ပိန်ပိန်နှင့် သားတို့အဖေပြန်လာပြီ။

                                                                                                                                                                                                                               ဖေခိုင်သန်း(မြို့နီလေး)

၂၀၁၂ခုနစ်၊ တောင်ငူမြို့။
                                                                                    တော်လှန်ရေးထက်မြင့်မြတ်ခြင်းမရှိ။ 

Comments

Popular posts from this blog

"ဒီမိုကရေစီပညာရေးအခဏ်းဆက်တိုက်ပွဲသည်" အိုက်နီ(ဖြူး)

“အာဏာသိမ်းစစ်ကောင်စီကို‌ ထောက်ခံခဲ့တဲ့ ဘယ်လာရုစ်နိုင်ငံဟာ ဘယ်လိုနိုင်ငံမျိုးလဲ”