"၈လေးလုံးအရေးတော်ပုံတာဝန်တရပ်"
၈လေးလုံး အရေးတော်ပုံ အချိန်ကာလနီးလာတော့ ကျနော်ရင်ထဲမှာ မကျေနပ်မှု နာကျည်းမှု အသဲနာမှု တွေခံစားရသည်ကတော့အမှန်ပင်။တပြိုင်နက်တည်းမှာပဲ ကျနော်လူထုလူတန်းစားပေါင်းစုံ ပါဝင်ဆန့်ကျင်ခဲ့သည် အားလုံးအသိပင်ဖြစ်သည်။၈လေးလုံးအရေးတော်ပုံက ကျနော်တို့ ပြည်သူလူထုတွေ ဘာအချက်တွေ တောင်းခဲ့တာလဲ?ကျနော်တို့ ရပြီလား ။မရသေးလျှင်ဆက်လက်တိုက်ပွဲဝင်ရမည်ဟု သမိုင်းပေးတာဝန်ပင်ဖြစ်သည်။စစ်အာဏာရှင်စံနစ်ဖျက်သိမ်းရေး၊ပါတီစုံဒီမိုကရေစီစံနစ်ကျင့်သုံးရေးစသည်တို့သည် အဓိကတောင်းဆိုချက် နှစ်ချက်ဖြစ်သည်။ထိုနှစ်ချက် တကယ်ရပြီလား။ပါတီစုံစံနစ်ရတယ်လို့ပြောပေမဲ့လည်း စစ်မှန်သော ပါတီစုံမဟုတ်ဘဲ လက်တစုပ်စာ စစ်အကျွန်းအကျန်တွက် သာ ဖန်တီးထားတဲ့ရွေးကောက်ပွဲဆိုတာကို ၂၀၁၀ရွေးကောက်ပွဲက သက်သေခံနေပါသည်။စစ်အာဏာရှင်စံနစ် ပျက်သုန်းပြီလော။မေးခွန်းက တော့အခြေအနေနဲ့အကိုက်ညီဆုံး မေးခွန်းပါ။၈လေးလုံးအရေးတော်ပုံ အဓိက MISSIONလည်းဖြစ်သည်။ပုံစံပြောင်း အမတ်တုတွေနဲ့ ၂၅%ရာခိုင်နှုန်း ရှိနေသမျှကာလပတ်လုံး ယေဘုယျ အားဖြင့် စစ်အာဏာရှင်စံနစ်နို့နံ့ မပြယ်သေးလို့ ဝေဖန်ရလိမ့်မည်။ဆိုရှယ်တုနဲ့ နေဝင်းအယုတ်က ပုံမှားရိုက်သလို နှစ်ပေါင်း၂၀ကျော်ကြာတောင်းခဲ့သော ဒီမိုကရေစီ ကိုလည်းအတုအယောင် အရှက်မရှိ ပါလီမန်ဝင်ထိုင်နေပုံကတော့စစ်အာဏာရှင်စံနစ်တည်ရှိနေသည်ကိုသက်သေခံနေသည်မှာအမှန်ပင်။စစ်အာဏာရှင်အာဏာတည်မြဲရေး ၂၀၀၈အခြေခံဥပဒေအောက်မှာ ဘယ်သူဘဲ သမ္မတကြီးလုပ်လုပ် ဝန်ကြီးချုုပ်ကြီးလုပ်လုပ ် ကြိုးဆွဲရုပ်ကြီးပါပဲ။ခုလည်း ၈လေးလုံးအရေးတော်ပုံအခမ်းအနား ကျင်းပရေးကော်မတီဖွဲ့ပြင်ဆင်ရေးကိုကြိုဆိုရမှာဖြစ်သလို တပြိုင်နက်တည်းမှာ (၁)၈လေးလုံးအနှစ်သာရမပျက်စေရေးနှင့် (၂)၈လေးလုံးအရေးတော်ပုံက ပေးသော တာဝန်တရပ်ကို ဆက်လက်ထမ်းပိုးရန် တာဝန်အပြည့်အဝရှိကြောင်းတင်ပြလျက်။ ။
ဖေခိုင်သန်း(မြို့နီလေး)
၂၀၁၃ခုနစ် မဲဆောက်မြို့။
တော်လှန်ရေးထက်မြင့်မြတ်ခြင်းမရှိ။
Comments
Post a Comment