"ကွန်မြူနစ်တစ္ဆေအခြောက်ခံရတုန်းပဲလား"


     ကိုလိုနီစံနစ်နှင့်အတူ အရင်းရှင်စံနစ် ဖွားတော်ဖက်ကဲ့သို့မွေးဖွားလာခဲ့သည်မှာ ကွန်မြူနစ်စံနစ် ဆိုရှယ်လစ်စံနစ်များပင်ဖြစ်သည်ကိုငြင်းချက်ထုတ်မည်ဟုမထင်ပါ။ကိုလိုနီစံနစ်ကြောင့် အရင်းရှင်အမြောက်အမြား ပေါ်ထွန်းလာခဲ့သည်။အရင်းရှင် ဓနရှင်တို့၏ဖိနှိပ်မှုကိုအဓိကခံစားရသူများ အခြေခံလူတန်းစားတွေဖြစ်သည့် အလုပ်သမား လယ်သမား ပျံကျတွေပေါ့ ။ထို့ကြောင့်ပညာတတ်လူတန်းစားက ဖိနှိပ်ခံဘက်ကရပ်တည်ဖို့ ဖိနှိပ်သူတွေကို အရင်းရှင်တွေ၊ဓနရှင်တွေကို တော်လှန်ဖို့ ကားမက်၊အိန်ဂယ်တို့လို့ ဘောဂဗေဒပညာရှင်များက သိပံနည်းကျ ကွန်မြူနစ်ဝါဒကိုဖေါ်စပ်ပြီး အလုပ်သမား၊လယ်သမား အခြေခံလူတန်းစားတွေရဲ့ ပခုံးကိုင်လှုပ်ခြင်းဖြင့် ကိုလိုနီများတုန်လှုပ်စေခဲ့သည်ကိုမည်သူမှ ငြင်းလို့ရမည်မဟုတ်ပါ။ ခိုင်းတာလုပ်လျင် လစာရမည် ဝမ်းဖြည့်ရမည်ဆိုသောသေးငယ်သော အယူဝါဒကို တွန်းဖယ်ပြီး အလုပ်သမားခွန်အားမရှိလျင် အရင်းရှင်များ ဘဝရပ်တည်မှုမလုပ်နိုင်ကြောင်း ကျွန် ၊အလုပ်သမား၊မရှိလျင် သခင် အလုပ်ရှင်ဖြစ်လာစရာအကြောင်းမရှိသည်ကို လက်တွေ့ပြသခြင်းဖြင့် စက်မှုတော်လှန်ရေးများ၊လယ်သမားတော်လှန်ရေးများ၊ပေါ်ပေါက်စေခဲ့သည်။(ဥပမာ- ဗမာပြည်တွင် ဆရာစံလယ်သမားပုန်ကန်မှု၊ရေနံမြေချောက်အလုပ်သမားတော်လှန်ရေး၊၁၃၀၀ပြည့်အရေးတော်ပုံ မှသည်နယ်ချဲ့အရင်းရှင် တိုက်ထုတ်သည့်အထိ ပြင်းထန်လာခဲ့သည်။
        ကျွန်တော်တို့လူထုလိုချင်သော ဒီမိုကရေစီနိုင်ငံချီတက်ဖို့ဆိုလျင် အမိန့်နာခံတတ်မှုနှင့် ဝေဖန်ပိုင်းခြားဆုံးဖြတ်မှုကြွယ်ဝမှုကို အရင်တည်ဆောက်ရမည်။ကျွန်တော်တို့သည် နှစ်ပေါင်း၆၀နီးပါး အမိန့်နာခံ၊ပြန်လည်ဆွေးနွေးမှုမရှိဘဲနှင့် ရှင်သန်လာခဲ့ခြင်းကြောင့် အမိန့်နာခံတတ်မှု ကြွယ်ဝမှုရှိပြီဟု တွေးကောင်းတွေးတောပေမဲ့လိုအပ်ချက်ရှိပါသည်။ဥပမာ-စစ်တိုက်မည်ဆိုပါစို့။ဗိုလ်မှုးက စစ်သားများအား အမိန့်ပေးမည်။ဒီကနေ့တည့်တည့်ချီတက်ပြီးတိုက်ဟုဆိုခဲ့လျင် ကျွန်တော်တို့အမိန့်နာခံသည်အနေနဲ့ ချီတက်ရမည်မှန်ကန်ပါသည်။ထိုအထွေထွေသော စစ်သားထဲတွင် ယခုနယ်မြေကျွမ်းကျင်သော တပ်သားမှ ဗိုလ်ကြီးတည့်တည့်သွားရင်ရန်သူကအပေါ်စီးရနိုင်ကြောင်း တောင်ပတ်လည်ဝိုင်းသောကြောင့် ညာဘက်မှာလျိုတစ်ခုရှိပါသည်။လျိုအတိုင်းလျောက်ပြီးတက်သွားရင်တောင်မြင့်တစ်ခုဖြစ်သောကြောင့် မျက်နှာချင်းဆိုင်ဖြစ်သွားသောကြောင့် တိုက်ခိုက်ရန်လွယ်ကူကြောင်း ပြန်လည်ဝေဖန်ဖို့တော့လိုအပ်ပါလိမ့်မည်။
       ထို့ကြောင့်ကျွန်တော်တို့လူငယ်တွေ အများပြောတိုင်းမယုံကြည်ဘဲ ဖြစ်နိုင်သည် မဖြစ်နိုင်သည်ကိုဝေဖန်ပိုင်းခြားဖို့လိုအပ်လာပါသည်။ပြသာနာတစ်စုံတရာကို သေသေချာချာဝေဖန်ပိုင်းခြားဖို့လိုအပ်လာပါသည်။ဥပမာ-ကွန်မြူနစ်မကောင်းဘူးလို့ တစ်စုံတယောက်ကပြောလာပါပြီဆိုပါစို့။သူ့စကားလုံးဝရာခိုင်နှုန်းပြည့် ယုံကြည်စရာမလိုပါဘူး။ကွန်မြူနစ်မကောင်းဘူးလို့ပြောလာသူကိုလည်း ဘာကြောင့်မကောင်းတာလည်းလို့ မေးမြန်းဖို့လိုအပ်ပါသည်။သူဖြေဆိုသောအချက်ပေါ်တွင်မူတည်ပြီး ဆုံးဖြတ်ရမှာ ဖြစ်သလို တဖက်တွင်လည်းကွန်မြူနစ်အကြောင်းကိုလေ့လာဖို့လိုအပ်ပါလိမ့်မည်။ကွန်မြူနစ်အဓိပါယ်အကျဉ်းချုပ်ကိုလေ့လာပြီး ကောက်ချက်ချဖို့လိုအပ်လာပါသည်။ဒီနေ့အချိန်မှာ လူကြီးကောလူငယ်ကော ကွန်မြူနစ်တစေအခြောက်ခံရသည်မှာထုနဲ့ထေးပင်။လူ၁၀ယောက်မှာ ၈ယောက်ကကွန်မြူနစ်ကြောက်သည့်ရောဂါစွဲကပ်နေပါသည်။ကြောက်လို့ရပါသည်။ဘာကြောင့်ကြောက်တာလဲ ဘာလို့ကြောက်လဲဆိုတာကို မေးမြန်းတာကို ရှင်းရှင်းလင်းလင်းအကျိုးအကြောင်းရှင်းပြရပါလိမ့်မည်။သခင်သန်းထွန်းနောက်ဆုံးနေ့လောက်ဖတ်ပြီးလူသတ်သည်ဟု မစွပ်စွဲပါနှင့်။ရေးသူသမိုင်းကိုလေ့လာစေချင်ပါသည်။စာအုပ်တစ်အုပ်ရဲ့အနှစ်သာရက ဇာတ်ကောင်မဟုတ်ပါ။စာရေးသူသာလျင် ပင်တိုင်စံဖြစ်ပါသည်။ဇာတ်ဆရာအလိုကျ သီချင်းသာကောက်ဆိုရမလားဗျ။
             ကွန်မြူနစ်အကြောင်းသေချာဝေဖန်ချင်လျင် ကွန်မြူနစ်ကြေငြာစာတန်းလောက်လေးတော့ ဖတ်ပြီးမှ ဝေဖန်သင့်ကြောင်းဆရာလူထုစိန်ဝင်းက (ဒီမိုကရေစီသည်နောက်ဆုံးပန်းတိုင်မဟုတ်)စာအုပ်မှာအထင်းသားဖေါ်ပြထားပါသည်။ထို့ပြင်နိုင်ငံရေးဂုရုလုပ်ချင်လျင် ကားမက် ၊ကိန်းတို့ အရင်းကျမ်း ကြေငြာစာတန်းဖတ်ရပါမည်ဟုလည်းတိုက်တွန်းထားပါသည်။
            နိဂုံးချုပ်အနေနဲ့ ကျွန်တော်တို့တတွေကွန်မြူနစ်တစေအခြောက်ခံရတုန်းပဲလား။သေချာစဉ်းစားအဖြေရှာစေလိုပါသည်။သေချာလေ့လာပြီးမှ ကြောက်ရွံ့ပါလို့လည်းတိုက်တွန်းချင်ပါသည်။အများလေးစားယုံကြည်ရသော တပ်မတော်ဖခင်ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာပြည်ကွန်မြူနစ်ပါတီ စတင်ဖွဲ့စည်းသူတစ်ဦးဖြစ်ပြီး ပထမဦးဆုံးအထွေထွေအတွင်းရေးမှုးတာဝန်ထမ်းဆောင်ခဲ့သည်ကို ထည့်သွင်းစဉ်းစားစေချင်ပါသည်။ဒီမိုကရေစီဆိုတာ မိမိတို့ယုံကြည်သည်ကို အများယုံကြည်ခိုင်းခြင်းမဟုတ် မိမိယုံကြည်ရမည့်အခွင့်အရေး ရှိသလို အများသူငါလည်း ယုံကြည်သည့်အခွင့်အရေး မချိုးဖေါက်သင့်ကြောင့် တိုက်တွန်းလျက်။                ။

                                                                                                                                                                                        ဖေခိုင်သန်း(မြို့နီလေး)
၂၀၁၂ခုနစ်၊ တောင်ငူမြို့။
                                           တော်လှန်ရေးထက်မြင့်မြတ်ခြင်းမရှိ။ 

Comments

Popular posts from this blog

"ဒီမိုကရေစီပညာရေးအခဏ်းဆက်တိုက်ပွဲသည်" အိုက်နီ(ဖြူး)

“အာဏာသိမ်းစစ်ကောင်စီကို‌ ထောက်ခံခဲ့တဲ့ ဘယ်လာရုစ်နိုင်ငံဟာ ဘယ်လိုနိုင်ငံမျိုးလဲ”