“ ဒီမိုကရေစီပညာရေးသပိတ်တိုက်ပွဲမှသည် အခဏ်းဆက်တိုက်ပွဲအဖြစ် လက်နက်စွဲကိုင်တော်လှန်ရေးဆီသို့” (၇ဂျူလှိုင်ကျောင်းသားအရေးတော်ပုံ နှစ်၅၉ပြည့်အထိမ်းအမှတ် သုံးသပ်တင်ပြချက်) အိုက်နီ(ဖြူး)
ဗမာပြည်သမိုင်းမှာ ကျောင်းသားသပိတ်များစွာ ဖြတ်သန်းကြုံတွေ့ဖူးတဲ့ အတွေ့အကြုံများစွာ ရှိပါတယ်။ သပိတ်တိုက်ပွဲတစ်ခုစီတိုင်းမှာ အောင်ပွဲဆင်တဲ့ အခြေအနေမျိုးမဟုတ်ဘဲ ပကတိမြေပြင်အနေ အ ထားအရ သပိတ်တိုက်ပွဲကို ချေမှုန်းခံခဲ့ရတာပဲဖြစ်ပါတယ်။ သမိုင်းမှာ တိုက်တိုင်းအောင်တဲ့ အခြေအနေမျိုး မရှိခဲ့ဖူးပါဘူး။ နိုင်ငံရေးအာဏာကို အုပ်စိုးသူဗြူရိုကရက်ယန္တရားက ချုပ်ကိုင်ထားတဲ့ကာလပတ်လုံး ဖိနှိပ်ဖြို ခွင်းခံရမှာပဲဖြစ်ပါတယ်။ သမိုင်းမှာတိုက်ပွဲတစ်ခုပြီးတိုင်း နောက်ထပ်နည်းလမ်းတစ်ခုကို ရွေးချယ်ရတာပဲဖြစ် ပါတယ်။ အုပ်စိုးသူလူတန်းစား၏ရဲ့ယန္တရားကို ဖြိုချဖျက်ဆီးပြီး လူမျိုးပေါင်းစုံပြည်သူလူထုကို ကိုယ်စားပြုတဲ့ လူထုယန္တရား အစားထိုးခြင်းကသာ အောင်ပွဲရရှိနိုင်မှာမို့ တိုက်ပွဲနည်းသဏ္ဍာန်မျိုးစုံ ပေါင်းစပ်တိုက်ပွဲဝင်ကြ ရမှာပဲဖြစ်ပါတယ်။ ဒီမိုကရေစီပညာရေးတိုက်ပွဲဆိုတာကို မနေ့တနေ့ကမှ တိုက်ပွဲဝင်ခဲ့ကြတာမဟုတ်ဘဲ နယ်ချဲ့ ကိုလိုနီအရင်းရှင်စနစ်ကနေ ယနေ့စစ်ဗြူရိုကရက်အရင်းရှင်စနစ်ထိ တိုက်ပွဲဝင်နေရတာမို့ ဖြတ်သန်းမှုမျိုးစုံ၊ အတွေ့အကြုံမျိုးစုံက လုံလောက်တဲ့ အခြေအနေမျိုးရရှိနေတာ...