"အပစ်ရပ်ကြားကာလမှာ အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်တိုးချဲ့နေတာက သွေးရိုးသားရိုး ဟုတ်ရဲ့ လား"
ကရင်နီပြည်သူ့ကာကွယ်ရေးတပ်KNDFဟာ KPDF၊ ဒေါငံခါးpdf၊ ဒီမောဆိုpdf၊ မိုးဗြဲpdfတွေနဲ့ စုဖွဲ့ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတခုပါ။ စစ်ကောင်စီကတရားလက်မဲ့ကျင့်သုံးပြီး လူသတ်လု ယက်မှုတွေကြောင့် မခံမရပ်နိုင်တဲ့ပြည်သူ့ဘက်တော်သားလူငယ်တွေကရရာလက်နက်စွဲကိုင်လာခဲ့ရပါတယ်။ ။ ဒီမောဆိုမြို့၊ ဒေါငံခါးရပ်ကွက်က နာရေးအိမ်မှာကူညီနေတဲ့ ကျောင်းဆရာမများကို အကြမ်းဖက်ဖမ်းဆီးမှု၊ ရပ်ကွက်ထဲမှာငြိမ်းချမ်းစွာCDMလုပ်တဲ့ ပြည်သူ့ဝန်ထမ်းများကို ဖမ်းဆီးမှုတွေ ကြောင့် မေလ(၂၁)ရက်နေ့မှာ သေနတ်သံထွက်ပြီး ခုခံတော်လှန်ခဲ့ရပါတယ်။ ဒီမောဆိုကထွက်တဲ့ သေ နတ်သံက တိုးရာကကျယ်လာပြီး မိုးဗြဲ၊ ဖယ်ခုံ၊ ကယားပြည်နယ်ထိပျံ့နှံလာပြီး အကြမ်းဖက်စစ်ကောင် စီရဲ့တပ်ရင်း၊ တပ်ခွဲလက်နက်တွေဖြစ်တဲ့ ၆၀မမ၊ RPG၊ ငါးကြင်းမြှီး(ခေါ်) စက်လက်များသိမ်းပိုက်ရရှိသည်အထိ အောင်ပွဲရရှိမှုကြောင့် ရန်သူစစ် ကောင်စီဘက်က ၁၂၀မမလက်နက်ကြီးနဲ့ ကယားပြည်နယ်အနှံ့ သွေးရူးသွေးတန်းနဲ့ပစ်ခတ်ရသည်အထိ ရမ်းကားလာခဲ့ရပါတယ်။ အကြမ်းဖက်စစ်ကောင်စီရဲ့ ရမ်းကားပစ်ခတ်မှုတွေက အပြစ်မဲ့ပြည်သူတွေရဲ့ အသက်အိုးအိမ်၊ ဘုရားကျောင်းကန်များပျက်ဆီးခဲ့ရပြီး လူ့အသက်၅၀ဉီးအထိ ထိခိုက်ကျဆုံးခဲ့ရပါတယ်။ ရန်သူ့ဘက်က မရေမတွက်နိုင်တဲ့ ရာနဲ့ချီပြီးတပ်ရင်းလိုက်ကျဆုံးမှုများပြားလာပြီး နယ်မြို့လေးရဲ့ မောင်းကျိုး မီးပျက်ကိုင်ဆောင်ထားတဲ့ လူထုကိုတိုက်လေယာဉ်ပါထုတ်သုံးပြီး ထိုးစစ်ဆင်မှုက စစ်ရာဇဝတ်မှုကို စစ် ကောင်စီဘက်က ကျူးလွန်ခဲ့သည်အထိ ဖြစ်ပျက်ခဲ့ပါတယ်။ သာသနာရေးအဆောက်အဉီးများဖြစ်တဲ့ ဘုရား ကျောင်း(၄)ခုအထိ ထိခိုက်ပျက်ဆီးမှု၊ အသက်သေဆုံးမှုကြောင့် ဘာသာရေးခေါင်းဆောင်များနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ငြိမ်းချမ်းရေးအဖွဲ့တွေက ယာယီအပစ်အခတ်ရပ်ဆဲဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ဘာသာရေးခေါင်း ဆောင်များနဲ့ငြိမ်းအဖွဲ့တွေရဲ့ မေတ္တာရပ်ခံမှုကြောင့် အင်အားသေးငယ်ပေမယ့် သဘောထားကြီးမားတဲ့ရန်သူကို KNDFက ဇွန်လ(၁၅)ရက်နေ့မှာ အပစ် အခတ်ရပ်စဲပေးခဲ့ပါတယ်။ အင်အားကြီးသူက အင်အားငယ်သူကို သဘောထားကြီးရမယ်လို့ ကြားဖူးလေ့လာဖူးခဲ့ပေမယ့် အလှည့်အပြောင်းဖြစ်လာတဲ့ ၂၀၂၁မှာတော့ အင်အား ငယ်သူက အင်အားကြီးသူကို သဘောထားကြီးရတာကို လက်တွေ့မြင်ဖူးပါတော့တယ်။ KNDFရဲ့ သဘော ထားကြီးမြတ်မှုက မြင့်မိုရ်တောင်လို မြင့်မားပေမယ့် စစ်ကောင်စီရဲ့သဘောထားကတော့ ကျောက်ခဲတလုံး လောက်တောင် မကြီးမြတ်ဘဲ သေးသိမ်တာကို တွေ့ရပါတယ်။ ရန်သူစစ်အုပ်စုက KNDFရဲ့အပစ်ရပ်မှုကို အခွင့်ကောင်းယူကာ အင်အားအလွန်အကျွံတိုးချဲ့လာနေပါတယ်။ လွိုင်ကော်မြို့ကိုဉီးတည်ပြီး တောင်ငူဘက်က ချီတက်လာတဲ့တပ်မ၆၆၊ ဟိုပုန်းဘက်ကချီတက်လာတဲ့ စစ်ယာဉ်တန်းများ၊ အောင်ပန်း-ကလောဘက်က ချီတက်လာတဲ့စစ်ယာဉ်တန်းများက လေးဖက်လေးလံက ပိတ်ဆို့လာပါတယ်။ ဒီမောဆိုမြို့နဲ့ ကန်ခုနစ်ဆင့် အနီး ဒေါရောက်ခူမှာလည်း အင်အားအဆမတန်တိုးချဲ့သလို လူနေရပ်ကွက်တွေမှာလည်း အင်အားတိုးချဲ့ ခဲ့ပါ တယ်။ အင်အားတိုးချဲ့လာတဲ့ စစ်ကောင်စီတပ်တွေက ပြည်သူလူထုရဲ့ကြက်ဝက်တွေကို လုယူဖမ်းဆီးစား သောက်သည်အထိ တရားလက်မဲ့ကျင့်သုံးလာပါတယ်။ တဆက်ထဲမှာလည်း ဇွန်လ(၂၆)ရက်နေ့ ည၉:၀၀ခန့်က ဧက၅၀၀ဘက်မှာ အပြန်အလှန်ပစ်ခတ်မှုများကြားနေရပြီး လက်နက်ကြီးတွေပါ စစ်အုပ်စုက သုံးလာပြန်ပါ တယ်။ အကြမ်းဖက်စစ်ကောင်စီဟာ တရားလက်မဲ့မှုကို အလွန်အကျွံလုပ်ဆောင်မှုက စစ်အာဏာရှင်စနစ် တစ်ရပ်လုံးကျဆုံးသည်အထိ သေပန်းပွင့်နေပြီဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေး အချိန်အဟုန်မြင့်တက် လာဖို့ စစ်ကောင်စီက တွန်းပို့နေတာပဲဖြစ်တယ်လို့ သုံးသပ်တင်ပြလိုက်ရပါတယ်။
အိုက်နီ(ဖြူး)
၂၄ရက်၊ဇွန်လ၊၂၀၂၁ခုနစ်
Comments
Post a Comment