“NUGရဲ့ တိုက်ပွဲခေါ်သံ၊ စစ်အုပ်စုရဲ့ ငိုကြွေးသံများ” အိုက်နီ(ဖြူး)
ဗိုလ်မင်းအောင်လှိုင်ရဲ့ အတင်းအဓမ္မရယူထားတာ ၇လကြာမြင့်နေပြီဖြစ်နေပေမဲ့ အုပ်ချုပ်ရေးယန္တရားကို နိုင်နင်းစွာထိမ်းချုပ်နိုင်စွမ်းမရှိသေးပါ။ ပြည်သူလူထုရဲ့ တိုက်ပွဲခေါ်သံက တနေ့တရက် မှ ရပ်တန့်သွား ခြင်း၊ ဆိုင်းသွားခြင်းမရှိဘဲ တနေ့ထက်တနေ့ ကျယ်လောင်သထက် ကျယ်လောင်လာပြီး အရှိန် အဟုန်မပြတ် ခုတ်မောင်းတိုက်ပွဲဝင်နေဆဲ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ မျှော်လင့်ချက်က စစ်အာဏာရှင်စနစ် ကို အမြစ်ပြတ်ချေမှုန်း ရေးဖြစ်ပြီး စစ်အဏာရှင်စနစ်မြေပေါ်ကို ဗြုံးကနဲ ပြိုကျလဲကျရေး ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ မျှော်လင့်ချက်က နိုင်ငံတကာအသိအမှတ်ပြုရေး၊ အာဏာတည်မြဲရေးနဲ့ အုပ်ချုပ်ရေးယန္တရား ခိုင်မာရေးပဲဖြစ်ပါတယ်။ တကယ့်လက်တွေ့မှာ ပြည်သူလူထုရဲ့ မျှော်လင့်ချက်လင်းရောင်ခြည်က လင်းသထက် လင်းလာပြီး စစ်အုပ်စုရဲ့ နောက်ဆုံးနေ့ရက်နေဝင်ချိန်က နေလား ညလား မသေချာမရေရာတော့တဲ့ အခြေ အနေပဲ ဖြစ်ပါတယ်။
စက်တင်ဘာလ၇ရက်နေ့က ပြည်သူလူထုကိုယ်စားပြုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ အရေးပေါ်ကာလကြေညာသံက ကျားဟိန်းသံလို ဟိန်းပြီး အတင်းအဓမ္မရယူထားတဲ့ မင်းအောင်လှိုင် စစ်အုပ်စုကတော့ ကြောက်ဒူးတုန်ကာ ထိတ်လန့်တုန့်လှုပ်နေတာပဲ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စု ကိုယ် စားဝါဒဖြန့်နေတဲ့ ဇော်မင်းထွန်းရဲ့အတိုက်အဖောက်မညီလှတဲ့ BBCအင်တာဗျူးမှာ ဖြေကြားချက်တွေက စစ်အုပ်စုရဲ့ နေဝင်ချိန်တွေကို ရောက်နေပြီဖြစ်တယ်ဆိုတာ သက်သေခံနေပါတယ်။ မကြာမီရက်ပိုင်းအတွင်း စစ်အာဏာရှင် ဆန့်ကျင်ရေးတော်လှန်စစ်ရဲ့ သေနတ်သံက တိုးရာကကျယ်လာပြီး စစ်အုပ်စုရဲ့ ငိုကြွေးသံက ကျယ်သထက် ကျယ်လောင်လာတာပဲဖြစ်ပါတယ်။ စစ်အုပ်စုရဲ့တွန်းပို့မှုကြောင့် မလွှဲမရှောင်သာဘဲ ပြည်သူ လူထုနဲ့ တော်လှန်ရေးအင်အားစုများကတော့ လက်နက်စွဲကိုင်တော်လှန်ရေးကနေ ဒီကနေ့တိုက်ပွဲရဲ့ အဆုံး အဖြတ်တိုက်ပွဲဖြစ်လာမှာပဲဖြစ်ပါတယ်။
တရုတ်စစ်ရေးပါရဂူ ဆွန်ဇုက “စစ်သည် ရေနှင့် အလားသဏ္ဍာန်တူသည်၊ ရေသည် မြင့်ရာက နိမ့်ရာကို စီးဆင်းသည်။ စစ်ပွဲဟူသည် အင်အားကြီးမားသော တပ်အင်အားကို ရှောင်ရှားပြီး အင်အားနည်းတဲ့ တပ်အင်အားရဲ့ ရန်သူ့အင်အားကို ချေမှုန်းရမည်ဖြစ်တယ်”လို့ ဆိုထားပါတယ်။ ဉက္ကဌမော်စီတုန်းကလည်း “ရန်သူကိုတိုက်ပွဲဆင်ရာတွင် အမာကိုရှောင်၊ အပျော့ကိုတိုက်” လို့ သင်ကြားထားပါတယ်။ ဒီကနေ့ကြုံတွေ့နေ ရတဲ့တော်လှန်စစ်တိုက်ပွဲက ရန်သူရဲ့ အင်အားကြီးမားတဲ့ ဒေသဖြူတွေကို ယာယီရှောင်ပြီး အင်အားသေးငယ်တဲ့ တပ်အင်အားတွေကို တစ်တပ်ပြီး တစ်တပ်ပြီး ချေမှုန်းပြီး ရန်သူကိုအမြတ်ပြတ်ချေမှုန်း နိုင်မှာဧကန်မုချပဲဖြစ်ပါ တယ်။
ပြည်သူလူထုကို နိုင်ငံရေးအရ ကျယ်ကျယ်ပြန့်ပြန့်စည်းရုံးပြီး ရန်သူရဲ့ဖောက်ပြန်တဲ့ လုပ်ရပ် တွေကို ဖွင့်ဟရမှာဖြစ်ပါတယ်။ မဝေးတော့တဲ့နေ့ရက်မှာ ပြည်သူလူထုရဲ့အောင်ပွဲ ပန်းပွင့်နီတွေက ငုံရာက ဖူး လားပြီး ပွင့်လန်းတော့မည်ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ သေပန်းပင်ကတော့ ညိှုးနွမ်းပြီး သေပန်းပွင့်တွေက တ ဖြုတ်ဖြုတ်ကြွေကျလာမည်ဖြစ်ပြီး မင်းအောင်လှိုင်ရဲ့ သေနေ့က လပိုင်းရက်ပိုင်းအတွင်း နိဂုံးချုပ်သွားတော့ မည်ဖြစ်ကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်။
အိုက်နီ(ဖြူး)
စက်တင်ဘာလ(၈)ရက်၊ ၂၀၂၁ခုနှစ်
Comments
Post a Comment