"ဆရာဂါမဏိသို့ လွမ်းချင်းအမှတ်တရ" အိုက်နီ(ဖြူး)


    ၂၀၁၃လောက်က လက်ပန်းတောင်းတောင်အရေးအခင်းဖြစ်ပြီးနောက် ထိုင်း-မြန်မာနယ်စပ်ကို ထွက်ခွာလာပြီး ကက်ပိဘန်းအရပ်မှာ ရှိတဲ့ လူဘောင်သစ်ဒိမိုကရက်တစ်ပါတီရဲ့ နိုင်ငံရေးသိပ္ပံကျောင်းကို တက်ရောက်ခဲ့တယ်။ နယ်စပ်ဒေသမှာ ရှိတဲ့ အရောင်အသွေးစုံတဲ့နိုင်ငံရေးသမားတွေနဲ့ ဆုံခဲ့ရပါတယ်။ အရောင်အသွေးစုံတဲ့နိုင်ငံရေးသမားတွေအထဲ ဦးအောင်စိုး(ခေါ်)ဆရာဂါမဏိနဲ့ ဆုံတွေ့ခွင့်ရခဲ့တယ်။ နယ်စပ်ဒေသအခြေပြုတဲ့ ကျောင်းအလိုက် စကားရည်လုပွဲ(Debate)ကို မင်းမဟော်ကျောင်းမှာ ပြုလုပ်ခဲ့ကြတာကို ဆရာဂါမဏိ၊ ဒေါက်တာဝေမင်း၊ ကရင့်ပညာရေးဌာနက ဆရာမတစ်ဦးတို့က အကဲဖြတ်ဒိုင်အဖြစ်ဆောင်ရွက်ပေးခဲ့ကြတယ်။ အသင်း၃သင်း ပြိုင်ဆိုင်ကြရပြီး နိုင်ငံရေးသိပ္ပံကျောင်း ကိုယ်စားပြုပြီး မိမိက ပါဝင်ခွင့်ရခဲ့ပြီး ဆီးမီးဖိုင်နယ်အဆင့်ထိရောက်ခဲ့တယ်။ စကားရည်လုပွဲကို တိုင်းရင်းသားလူငယ်တွေနဲ့ အပြိုင်အဆိုင်ယှဥ်ပြိုင်ကြပြီး ပြိုင်ဘက်မင်းမဟော်ကျောင်းက ပြင်ဆင်မှုအားကောင်းပေမယ့် Debate အတွေ့အကြုံအားနည်းမှု၊ အချေ မှာ တုန့်ပြန်နိုင်တာ အားနည်းတာကြောင့် မိမိတို့ အသင်းက ပထမရရှိခဲ့ပါတယ်။ Debate အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့တဲ့ ဆရာဂါမဏိနဲ့ ရင်းနှီးခဲ့ရပြီး စကားစမြည်ပြောဖြစ်ခဲ့တယ်။ ဆရာဂါမဏိကို ပညာရေးဆရာတစ်ဦးဖြစ်လိမ့်မယ်လို့ အစကခင်ခဲ့ပေမယ့် ခင်မင်လာတဲ့အခါ နိုင်ငံရေးသမား၊ စစ်ရေးသမား၊ တော်လှန်ရေးသမားတစ်ဦးအပြင် ကွန်မြူနစ်ဝါဒအပေါ် သက်ဝင်ယုံကြည်သူဖြစ်လို့ ပိုမိုတရင်းတနှီးခင်မင်ခဲ့ရတယ်။ သိပ်မကြာခင်ပဲ ပြည်တွင်းကို ပြန်လည်ဝင်ရောက်ပြီး မြို့ပေါ်နိုင်ငံရေးမှာ လှုပ်ရှားနေပေမယ့် အဆက်အသွယ်မပြတ်ခဲ့ ဆွေးနွေးမှုမပြတ်တောက်ခဲ့ဘဲ ရှိလှတဲ့ ဆရာ ၊ ခုတော့ နွေဦးတော်လှန်ရေးကာလမှာ ကိုဗစ်ရောဂါဒဏ်ကြောင့် ကျဆုံးခဲ့ရပါပြီ။ ဆရာဂါမဏိဟာ နွေဦးတော်လှန်ရေးကာလမှာလည်း သူရဲ့ စစ်ရေးနိုင်ငံရေး အကျိုးပြုဆောင်းပါးတွေနဲ့ လူငယ်ထုကို တော်လှန်ရေးပြောက်ကြားတွေကို အတတ်နိုင်ဆုံးဆောင်ရွက်ခဲ့တဲ့ တသက်တာနိုင်ငံရေးသမားဖြစ်ပါတယ်။ ဆရာဂါမဏိ ယုံကြည်တဲ့ ပြည်သူ့ဒီမိုကရေစီလမ်းကြောင်းနဲ့ ဆိုရှယ်လစ်အာရုဏ်ဦးကို ကြိုလင့်ကြပါတော့ ရဲဘော်တို့ရယ်။

အိုက်နီ(ဖြူး)

Comments

Popular posts from this blog

"ဒီမိုကရေစီပညာရေးအခဏ်းဆက်တိုက်ပွဲသည်" အိုက်နီ(ဖြူး)

“အာဏာသိမ်းစစ်ကောင်စီကို‌ ထောက်ခံခဲ့တဲ့ ဘယ်လာရုစ်နိုင်ငံဟာ ဘယ်လိုနိုင်ငံမျိုးလဲ”