“NUGရဲ့ တိုက်ပွဲခေါ်သံ၊ စစ်အုပ်စုရဲ့ ငိုကြွေးသံများ” အိုက်နီ(ဖြူး)
ဗိုလ်မင်းအောင်လှိုင်ရဲ့ အတင်းအဓမ္မရယူထားတာ ၇လကြာမြင့်နေပြီဖြစ်နေပေမဲ့ အုပ်ချုပ်ရေးယန္တရားကို နိုင်နင်းစွာထိမ်းချုပ်နိုင်စွမ်းမရှိသေးပါ။ ပြည်သူလူထုရဲ့ တိုက်ပွဲခေါ်သံက တနေ့တရက် မှ ရပ်တန့်သွား ခြင်း၊ ဆိုင်းသွားခြင်းမရှိဘဲ တနေ့ထက်တနေ့ ကျယ်လောင်သထက် ကျယ်လောင်လာပြီး အရှိန် အဟုန်မပြတ် ခုတ်မောင်းတိုက်ပွဲဝင်နေဆဲ ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ မျှော်လင့်ချက်က စစ်အာဏာရှင်စနစ် ကို အမြစ်ပြတ်ချေမှုန်း ရေးဖြစ်ပြီး စစ်အဏာရှင်စနစ်မြေပေါ်ကို ဗြုံးကနဲ ပြိုကျလဲကျရေး ဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ မျှော်လင့်ချက်က နိုင်ငံတကာအသိအမှတ်ပြုရေး၊ အာဏာတည်မြဲရေးနဲ့ အုပ်ချုပ်ရေးယန္တရား ခိုင်မာရေးပဲဖြစ်ပါတယ်။ တကယ့်လက်တွေ့မှာ ပြည်သူလူထုရဲ့ မျှော်လင့်ချက်လင်းရောင်ခြည်က လင်းသထက် လင်းလာပြီး စစ်အုပ်စုရဲ့ နောက်ဆုံးနေ့ရက်နေဝင်ချိန်က နေလား ညလား မသေချာမရေရာတော့တဲ့ အခြေ အနေပဲ ဖြစ်ပါတယ်။ ...