"နွေဦးတော်လှန်ရေး အောင်ပွဲရဖို့ဆိုရင်" အိုက်နီ(ဖြူး)
ကယားပြည်နယ်က ရှည်လျားလှတဲ့ သမိုင်းကြောင်းတွေနဲ့ ရှုပ်ထွေးလှတဲ့သမိုင်းကြောင်းတွေရှိနေပါတယ်။ သီးခြားလွတ်လပ်တဲ့နိုင်ငံ၊ သီးခြားလွတ်လပ်တဲ့ပြည်အဖြစ် တလျှောက်လုံးကိုင်စွဲခဲ့ပေမယ့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီကိုယ်တိုင် ပြည်ထောင်စုစနစ် ဖက်ဒရယ်စနစ်ကို လက်ခံပြီး ကရင်နီပြည်နယ်အဖြစ်ပုံဖော်ဖို့ ပြောနေပေမယ့် ကရင်နီက သီးခြားလွတ်လပ်တယ်ဆိုတဲ့ အမြင်က လူငယ်ထုကြားထဲရိုက်ခတ်ဆဲပါ။ ဘယ်လို အမြင်မျိုးကိုင်စွဲပေမယ့် ဖေဖော်ဝါရီလ ဗိုလ်မင်းအောင်လှိုင်ရဲ့ စစ်အာဏာသိမ်းမှုကို လက်သင့်မခံဘဲ ဆန့်ကျင် ခဲ့ကြပါတယ်။ ဒါဟာပြည်ထောင်စုစိတ်ဓာတ်ကို ပုံဖော်ပြီး တပြည်လုံးလက္ခဏာဆောင်တဲ့ရလာဒ်ပါ။ လူထု တိုက်ပွဲကို တနိုင်ငံလုံးနီးတူ အကြမ်းဖက်ဖြိုခွင်းတာကြောင့် လက်နက်စွဲကိုင်တော်လှန်ကြရတယ်။ ကယား ပြည်နယ် ဒီမောဆို ဒေါငံခါးရပ်ကွက်က သေနတ်သံဟာ တိုးရာက ကျယ်လာပြီး ကယားပြည်နယ်အနှံ့ ပျံ့နှံ့ ခဲ့ ပါတယ်။ မိုးဗြဲမြို့ရဲ့ စခန်းသိမ်းတိုက်ပွဲက တနိုင်လုံးတော်လှန်ရေးတပ်သားတိုင်းရဲ့ ပါးစပ်ဖျားမှာ အတုယူစရာ ဖြစ်လာခဲ့ပါတယ်။ ကယန်းလူငယ်တွေအများစုနဲ့ စုစည်းထားတဲ့ pdfတွေက အစကနဦးမှာ စုစည်းမှု အားနည်း ခဲ့ပြီး ၄ ဖွဲ့ထက်မနည်း ရှိခဲ့သော်လည်း KNDF(ကရင်နီအမျိုးသားကာကွယ်ရေးတပ်)ဆိုပြီး တပ်ပေါင်းစု ဖွဲ့စည်း လာတာ တွေ့ရပါတယ်။ တော်လှန်ရေးဆိုတာ နိမ့်ရာက မြင့်လာသလို နိမ့်သွားတဲ့အခါတွေလည်း ရှိတတ်စမြဲ ပါ။ ထိခိုက်မှုများပြားလာတာကြောင့် အပစ်ခတ်ရပ်စဲပေမယ့် စစ်အုပ်စုရဲ့ လူမဆန်မှုက သေနတ်သံပြန်ထွက် လာခဲ့ရပါတယ်။ ဒီကနေ့ မြန်မာ့နွေဦးတော်လှန်ရေးက စေ့စပ်ရေးက တော်လှန်ရေးရဲ့ ရန်သူဖြစ်လာပြီး လက် နက်ကိုင်တော်လှန်ရေးကပဲ အဆုံးအဖြတ်ပေးရတော့မယ့်အခြေအနေပါ။ သြဂုတ်လ၁၆ရက်နေ့က ကယား ပြည်နယ် အခြေစိုက် PDFတွေနဲ့ Naypyitaw PDF၊ ရှမ်းတောင် PDFတွေ ပူးတွဲ လက်တွဲဆောင်ရွက်မယ်ဆိုတဲ့ ထုတ်ပြန်ချက်က ယနေ့တော်လှန်ရေးက သီးခြားတော်လှန်ရမယ့်အခြေအေနကနေ ရုန်းထွက်ပြီး တပြည်လုံး လက္ခဏာဆောင်တဲ့ ခုခံတော်လှန်ရေးကနေ အောင်ပွဲခံရမယ့်ဆိုတဲ့ ပြောက်ကြားစစ်ဗျူဟာရဲ့ အစကနဦးလို့ ရှူမြင်ပါတယ်။ ပြောက်ကြားတပ်သားတွေက အောင် ၄ အောင် ကို ကျေညက်ဖို့ လိုအပ်ပါတယ်။ ပိုင်အောင် စောင့် ၊ သေအောင်သတ်၊ ရအောင်ယူ၊ ပျောက်အောင်ဖျောက် ဆိုတဲ့ "အောင်လေးအောင် " ပြောက်ကြားစစ် ဗျူဟာကို စနစ်တကျ ကျင့်သုံးပြီး မြို့ပြအုံကြွမှုနဲ့ ပေါင်းစပ်တော်လှန်ရပါလိမ့်မယ်။ တော်လှန်စစ်ဆိုတာ ရန် သူရဲ့ အလစ်ငိုက်ကို ချောင်းမြောင်းပြီး လက်ဦးမှုရှိရှိ မိမိကစတင် တိုက်ခိုက်ရမှာဖြစ်ပြီး ထိခိုက်ကျဆုံးမှုများ ပြားတဲ့အတွေ့အကြုံကိုချေမှုန်းတိုက်ခိုက်ရမှာဖြစ်ပါတယ်။ ရန်သူ့အလာကို စောင့်ဆိုင်းတိုက်ခိုက်တဲ့အခါ မိမိ ဘက်က အင်အားကွာဟမှုကြောင့် ဒီမောဆိုတိုက်ပွဲ က သင်ခန်းစာပေးပြီး ဖြစ်ပါတယ်။ ဒါကြောင့်မို့ ရန်သူရဲ့ စိုးမိုးထားတဲ့ နယ်မြေအတွင်းကို ထိုးဖောက်ဝင်ရောက်ပြီး လုပ်ကြံသတ်ဖြတ်မှုက ရန်သူကို ရေရှည်မှာ အထိ နာစေနိုင်ပါတယ်။ ရန်သူ့ရဲ့ ထောက်တိုင်တွေ ဒလန်တွေကို လုပ်ကြံသတ်ဖြတ်တဲ့ ပိရိသေသပ်စွာ သတ်ဖြတ်ပြီး ကိုယ်ယောင်ဖျောက်ဖို့လိုအပ်သလို မလိုအပ်ဘဲ ဆိုရှယ်မီဒီယာအသုံးမပြုဖို့လည်း လိုအပ်ပါတယ်။ ကမ္ဘာကျော် အကြမ်း ဖက်သမား အိုစမာဘင်လာဒင်ဟာ မဖြစ်မနေ ဆိုရှယ်မီဒီယာ Satellite ဖုန်း သုံးဖို့လိုအပ်ရင် မိုင်၃၀ လောက်ကို ကားမောင်းထွက်ခွာပြီး အသုံးပြုပြီးသည်နှင့် Sim card /handset ကို ဖျက်ဆီး လာလမ်းအတိုင်း မပြန်ဘဲ အခြားနေရာမှာ ကိုယ်ရောင်ဖျောက်ပြီးမှ သူ့ရဲ့ ဝပ်ကျင်းကို ပြန်လည်ပုန်းအောင်းခဲ့ပါတယ်။ အကြမ်း ဖက်သမားကြီး အိုစမာဘင်လာဒင်ရဲ့ လုံခြုံရေးပိရိမှုက ကမ္ဘာကျော်စုံထောက်ကြီး CIAလည်း အချိန်ကို နှစ်နဲ့ ချီပြီး အားထုတ်ကြိုးပမ်းမှ အမိအရ အသေဖမ်းဆီးမိပါတယ်။ ဒါကြောင့်မို့ ဘင်လာဒင်ရဲ့ လုံခြုံရေးသတိရှိတာ အတုယူသင့်ပြီး တော်လှန်ရေးသတိ နဲ့ တော်လှန်ရေးဗျူဟာကို မြေပြင်ပကတိအနေအထားနဲ့ ပေါင်းစပ်နိုင်ဖို့ လူထုနဲ့အတူရှိနေဖို့သာ လိုအပ်ပါကြောင်း ရေးသားလိုက်ရပါတယ်။
အိုက်နီ(ဖြူး)
မီးတုတ်တော်လှန်ရေးစာစဉ် အမှတ်(၂)
Comments
Post a Comment