Posts

Showing posts from August, 2021

"နွေဦးတော်လှန်ရေး အောင်ပွဲရဖို့ဆိုရင်" အိုက်နီ(ဖြူး)

      ကယားပြည်နယ်က ရှည်လျားလှတဲ့ သမိုင်းကြောင်းတွေနဲ့ ရှုပ်ထွေးလှတဲ့သမိုင်းကြောင်းတွေရှိနေပါတယ်။ သီးခြားလွတ်လပ်တဲ့နိုင်ငံ၊ သီးခြားလွတ်လပ်တဲ့ပြည်အဖြစ် တလျှောက်လုံးကိုင်စွဲခဲ့ပေမယ့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီကိုယ်တိုင် ပြည်ထောင်စုစနစ် ဖက်ဒရယ်စနစ်ကို လက်ခံပြီး ကရင်နီပြည်နယ်အဖြစ်ပုံဖော်ဖို့ ပြောနေပေမယ့် ကရင်နီက သီးခြားလွတ်လပ်တယ်ဆိုတဲ့ အမြင်က လူငယ်ထုကြားထဲရိုက်ခတ်ဆဲပါ။ ဘယ်လို အမြင်မျိုးကိုင်စွဲပေမယ့် ဖေဖော်ဝါရီလ ဗိုလ်မင်းအောင်လှိုင်ရဲ့ စစ်အာဏာသိမ်းမှုကို လက်သင့်မခံဘဲ ဆန့်ကျင် ခဲ့ကြပါတယ်။ ဒါဟာပြည်ထောင်စုစိတ်ဓာတ်ကို ပုံဖော်ပြီး တပြည်လုံးလက္ခဏာဆောင်တဲ့ရလာဒ်ပါ။ လူထု တိုက်ပွဲကို တနိုင်ငံလုံးနီးတူ အကြမ်းဖက်ဖြိုခွင်းတာကြောင့် လက်နက်စွဲကိုင်တော်လှန်ကြရတယ်။ ကယား ပြည်နယ် ဒီမောဆို ဒေါငံခါးရပ်ကွက်က သေနတ်သံဟာ တိုးရာက ကျယ်လာပြီး ကယားပြည်နယ်အနှံ့ ပျံ့နှံ့ ခဲ့ ပါတယ်။ မိုးဗြဲမြို့ရဲ့ စခန်းသိမ်းတိုက်ပွဲက တနိုင်လုံးတော်လှန်ရေးတပ်သားတိုင်းရဲ့ ပါးစပ်ဖျားမှာ အတုယူစရာ ဖြစ်လာခဲ့ပါတယ်။ ကယန်းလူငယ်တွေအများစုနဲ့ စုစည်းထားတဲ့ pdfတွေက အစကနဦးမှာ စုစည်းမှု အားနည်း ခဲ့ပြီး ၄ ဖွဲ့ထက်မန...

"မင်းသေတာ မြတ်သည် ဒါကြောင့်မို့ တို့မငိုပြီ"

လောကကို အလှဆင်ဖို့ လင်းလက်ကြမယ့်  အနာဂတ်ရဲ့ ကြယ်လေးတွေ လူငယ်တွေရဲ့ဘဝဆိုတာ အနာဂတ်ကို ပုံဖော်ထုဆစ်ထားကြ။ လူငယ်လေးဦးရဲ့ လုပ်ရပ်က တော်လှန်ရေးကို ကိုယ်စားပြုသလို အနာဂတ်ကိုလည်း ကိုယ်စားပြုပါတယ်။ ရန်သူရဲ့ လက်ထဲမှာ အရှင်အဖမ်းမခံ  သေခြင်းသာရွေးချယ်ခဲ့ မင်းသေတာ မြတ်သည် ဒါကြောင့်မို့ တို့မငိုပြီ၊ တို့မငိုပြီ။ တိုက်ပေါ်က ခုန်ချလိုက်တဲ့ လူငယ်လေးဦးရဲ့ အသက်က အနာဂတ်ကို မှန်တယ်။ သူတို့ရဲ့ ပေးလိုက်တဲ့ အသက်က တော်လှန်ရေးရဲ့ လမ်းစဥ်ကို ပုံဖော်ပြီး စေ့စပ်ရေးက ငါတို့ ရန်သူ သူသေငါရှင် တိုက်ရင်းသာ အောင်ပွဲခံကြမည်။                      အိုက်နီ(ဖြူး)

"နွေဉီးတော်လှန်ရေးအဆုံးအဖြတ်တိုက်ပွဲအတွက် တာလီဘန်တွေဆီက ရတဲ့သင်ခန်းစာ " အိုက်နီ(ဖြူး)

Image
Published By DVB | 24 August, 2021 1.6K ...