"တရားပါတယ်"
ကျမတို့ နိုင်ငံရေး
လုပ်နေတာမဟုတ်ပါဘူး
နိုင်ငံရေးဆိုတာ ဘာလဲ
မသိခဲ့ပါဘူး
နေ့စဉ်အသက်ရှင်သန်ဖို့
ဝမ်းစာအရေးအတွက်
လုပ်အားကိုအရင်းပြု
အသက်ဆက်နေကြရတာပါ
၁၀ပေပတ်လည် အခန်းကျဉ်းမှာ
ခေါင်ကမလုံ မိုးယိုနေတဲ့ကြားက
ဘဝကိုရှင်သန်နေတာပါ။
ဒါပေမဲ့ ဒီနေ့မှာ
ကျမတို့ ထမင်းအိုးကို
ရှင်တို့ ရိုက်ခွဲလေပြီ
ဝမ်းဝရုံ တင်းတိမ်ခဲ့ရတဲ့
ဘဝတွေကိုနင်းချေ
အမြတ်ထုတ်သွေးစုပ်ခြယ်လှယ်မှု
မခံနိုင်တဲ့အဆုံး ကျနော်ကျမတို့
သပိတ်မှောက်ပြီ
သပိတ်မှောက်တယ် ဆိုတာ
ရှင်တို့လုပ်ငန်းရှင်တွေ အရင်းရှင်တွေသိတဲ့
ပါတီပွဲမျိုးမဟုတ်သလို
ညစာစားပွဲလည်းမဟုတ်ဘူး
အသက်ကိုရင်းလို့ ဥတုရာသီရဲ့
ဘေးဒုက္ခတွေကို ခါးစီးခံ
အတားဆီးကိုကျော်ဖြတ်
ဘဝများစွာအတွက်
ရင်ဆိုင်တိုက်ပွဲဝင်နေတာပါ
ကျနော်ကျမတို့တောင်းဆိုချက်က
တရားပါတယ်
ကျမတို့တောင်းဆိုချက်ဟာ
ရှင်တို့ KTV မာဆတ် တညသွားစာ
မရှိပါဘူး
ရှင်တို့ မိန်းမပျက်နဲ့ တညအိပ်စာတောင်မရှိပါဘူး
ကျနေည်ကျမတို့တောင်းဆိုချက်က
တရားပါတယ်
တရားမျှတမှုအတွက် ဘဝများအတွက်
ကျမတို့ ရပိုင်ခွင့်အတွက်
သပိတ်လက်နက်ကိုင်စွဲ
အဆုံးတိုင် တောင်းဆိုတိုက်ပွဲဝင်သွားမှာပါ။
(ဗမာပြည်အမျိုးသမီးလုပ်သားထုသို့)
အိုက်နီ(ဖြူး)
၂၄ရက် အောက်တိုဘာလ ၂၀၁၅
Comments
Post a Comment