"ကျွန်းသူရဲကောင်းများသို့"
-ယုံကြည်ချက်ကို
ဆုပ်ကိုင်
နရံလေးဘက်ကို
အံတု၊
ကျွန်းစံလည်း
ခေါင်းမော့ရင်ဆိုင်ခဲ့တယ်။
-တော်လှန်ရေးသမား
တာဝန်မမေ့မလျော့
ထမ်းဆောင်၊ ကွန်မြူနစ်အသိနှင့်
ရောက်ရာအရပ်
တော်လှန်ရေးလှန်မြေ။
-ချေ ရဲ့ အယူဆ
နှလုံးသွင်းရင်း
ကျွန်းသပိတ်ကို ဆင်နွှဲ
အသက်ပေးခဲ့တယ်။
-အာဇာနည်သွေး
ရဲရဲချင်းထပ်
အလောင်းတွေထပ်
အသက်တွေ စတေး
မမေ့နိုင်တဲ့ JULY31
ကမ္ဘာတည်သရွေ့ JULY31
JULY31။ ။
အိုက်နီ(ဖြူး)
31/jul/2013
Comments
Post a Comment