"အရှေ့ပိုင်းတက္ကသီလာအတွင်းက 7July အခမ်းအနား နဲ့ ကျနော်"
ဒီနေ့ အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ က ရဲဘော်တွေ ဦးဆောင်ကျင်းပတဲ့ 7July အခမ်းအနား နှင့် ကဗျာရွတ်ပွဲ တက်ရောက်ဖြစ်ခဲ့တယ်။ ရောက်ရောက်ခြင်း ဝမ်းသာစရာက အပြာရောင် ဝတ်ထားတဲ့ ဆရာ ဆရာမ များကို တွေ့မိတော့ ကျနော်အတော်ကျေနပ်ပီတိဖြစ်မိတယ်။ နောက်တန်းခုံတန်းမှာ ကဗျာဆရာ ကို ရွှေကြယ်မိုး နဲ့ ကိုရဲရင့်လင်္ကာ ဘေးနားဝင်ထိုင်လိုက်ပါတယ်။ရဲဘော် စိုင်းသုဝဏ် ခေါ်ဆောင်မှုကြောင့် ကျနော်တို့ ရှေ့တန်းနားက ဆရာမဘေးနားထိုင်မိတယ်။အခမ်းအနား ကျောင်းသားကျောင်းသူတွေ စကားပြောကြ ကဗျာရွတ်ကြ တာကို ဆရာ ဆရာမတွေက ပီတိအပြည့်နဲ့ နားထောင်နေတာ တွေ့တော့ ကျနော်အတော် ကျေနပ်မိသွားတယ် ။ ဒါဟာ ကျနော်တို့ မျှော်လင့်တဲ့ ပညာရေးစနစ်မျိုးပဲ လို့ ကျနော်ထပြီး ကြိမ်းဝါးချင်မိစိတ်ပေါက်လာပါတယ်။ ရဲဘော် စိုင်းသုဝဏ် မှ စကားပြောပေးပါဦး ဆိုတော့ ကျနော် အရင်လို လေမရှည်ချင်တော့ဘူး နိုင်ငံရေးသမားတွေ ညံ့ရင် အာဏာရှင်တွေ ခေါင်းဆောင်တတ်တယ် ဆိုတာကို အဓိကထား ပြောမိတယ်။ ဘာလို့လည်းဆိုတော့ ဗိုလ်နေဝင်း စစ်အစိုးရ ကို အိမ်စောင့်အစိုးရ ဖွဲ့ပေးခဲ့တာ အရပ်သားစစ်စစ် သမဂ္ဂခေါင်းဆောင်ဟောင်း ဖဆပလ ခေါင်းဆောင် ဘုရားတရားသမား နိုင်ငံရေးသမားကြီး ဦးနု က လူသတ်သမားလက်ထဲ ကို အာဏာအပ်ခဲ့လို့ပါပဲ။ ဒီကနေ့ နိုင်ငံရေးသမားတွေရော ညံ့သလား တော်သလား အဖြေ ကျနော်ပေးစရာ မလိုဘူးလို့ထင်ပါတယ်။ ကျနော်တို့တွေ ဦးနု လို နိုင်ငံရေးသမား တွေ မလိုချင်ဘူး ဗိုလ်နေဝင်းလို လူသတ်သမားတွေ မရှိလာစေချင်ပါဘူး ဒါဟာ ကျနော်ပြောချင်တဲ့ အနှစ်ချုပ်ပါ။ဒီကနေ့ အာဏာရနိုင်ငံရေးသမားများကတော့ ဦးနု လမ်း အတိုင်းလိုက်ရင် သူတို့ရဲ့ နိဂုံးဟာ ကမ္ဗည်းတင်ပြီးကျန်မှာမဟုတ်ဘူး လူထုတံတွေးခွက်ထဲ ပက်လက်လန်တဲ့ သမိုင်းအမည်းကွက်ကြီးပဲ ကျန်မှာ မလွဲအသေချာပင်။
အိုက်နီ(ဖြူး)
ဇူလှိုင်(၇)ရက်၊၂၀၁၈ခုနစ်
Comments
Post a Comment