"လီလီပန်းတွေ မပွင့်ခဲ့ဘူး ဒါပေမဲ့ နှင်းဆီနီတွေ ဝေခဲ့တယ်"


       -မသမာတဲ့ ရည်ရွယ်ချက်ရဲ့ နောက်မှာ
       အသက်တချောင်း ပါ သွားခဲ့တယ်
       မသမာသူ ရဲ့ ပစ္စတိုကို အံတု
        အုတ်နီခဲ ကျိုး တခု က
        သေနတ်ကျည်တတောင့်ကို အံ မတုနိုင်ခဲ့ဘူး
        ဒါပေမဲ့ ပြည်သူက ပေးတဲ့
        သူရဲကောင်းဘွဲ့တံဆိပ် ကို ရင်ဘတ် ကိုယ်စီမှာ
        ခတ်နှိပ်ပေးလိုက်တယ်။
      - သူတို့ရဲ့ နောက် ဆုံး ခရီးဟာ
       ရေပေါ်ဆီ မဆန်ခဲ့ အထက်တန်းလွှာတွေရဲ့
       လီလီပန်းတွေ လည်း မပွင့်ခဲ့ဘူး
       ဒါပေမဲ့ လူထုတရပ်လုံးက
      လက်မောင်းရင်း ဝမ်းနည်းခြင်း
      အနက်ရောင်တွေစည်းခဲ့ပြီး
      နှင်းဆီနီတွေ ဝေခဲ့တယ်။
       နိုင်ငံတော်ရဲ့ ဈာပန မဖြစ်ခဲ့ပေမဲ့
       ပြည်သူတရပ်လုံး ပို့ဆောင်ရင်း
       ကန်လန်ကာနောက်က လက်မဲကြီးကို
       လူထုတရပ်လုံးက ချီတက်ဖီဆန်ခဲ့ကြတယ်။  
                                                    အိုက်နီ(ဖြူး)
                                     နိုဝင်ဘာလ ၃၀ရက် ၂၀၁၇ခုနစ်

Comments

Popular posts from this blog

"ကျနော်သိတဲ့ ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးအကြောင်း" အိုက်နီ(ဖြူး)

"မင်းသေတာ မြတ်သည် ဒါကြောင့်မို့ တို့မငိုပြီ"