"ကမ်းပါးလည်း နီ သစ်ပင်လည်း နီ"


- မုန်တိုင်းဒဏ်လည်း ခံပြီးပြီ
  လှိုင်းခတ်ဒဏ်လည်း မမှုခဲ့
  ခက်ခဲကြမ်းတမ်း
  ဘဝရေဆန်လမ်းလည်း ဆန်ခဲ့ပြီ။
 - ကမ်းနားပေမဲ့ လဲမသွားခဲ့
  ဟောင်းနွမ်းမှုတွေ ကြီးစိုးတဲ့ တောနက်ထဲမှာ
  မယောင်မမှား ရဲရဲနီခဲ့
  ကမ်းပါးဘေးက စွေးစွေးနီတဲ့ သစ်ပင်နီ
  နီတဲ့ဓါတ်ခံ ပျံ့လွင်စေသား
  ကမ်းပါးလည်း နီ သစ်ပင်လည်း နီ
  ကမ္ဘာမြေလည်း နီစေသား။
                           အိုက်နီ(ဖြူး)
         ၃ရက် နိုဝင်ဘာလ ၂၀၁၆
(ကယန်းပြည်သူလူထု၏ အသည်းနှလုံးအား ဖမ်းဆုပ်နိုင်သူ ကယန်းမဟုတ်သော ပြည်သူ့ဗိုလ်မှူးစောလွင်/ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ •••သို့)

Comments

Popular posts from this blog

"ကျနော်သိတဲ့ ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးအကြောင်း" အိုက်နီ(ဖြူး)

"မင်းသေတာ မြတ်သည် ဒါကြောင့်မို့ တို့မငိုပြီ"