"အမှတ်ရနေရမယ့်နေ့တစ်ရက်"

    ဒီကနေ့ မနက်၉ နာရီမှာ ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ရုံးဖွင့်ပွဲ ဒဂုံဆိပ်ကမ်း တက်ရောက်ခွင့်ရခဲ့တယ်၊အလုပ်သမားထုရဲ့ ရင်ဖွင့်သံတွေ အခက်အခဲတွေက အပြည့်အလျှံပါပဲ။ကျနော်ဘက် ပြန်ပြောနိုင်တာ ကုန်ထုတ်လုပ်မှုမပြောင်းရင် ခေတ်မပြောင်းဘူး စကားရယ် ခေတ်ပြောင်းတော်လှန်ရေးဆင်နွှဲပြီး ကုန်ထုတ်လုပ်မှု ပြောင်းမှ သာ အလုပ်သမားထု ရဲ့ နိုင်ငံတော် အလုပ်သမားထုရဲ့ လူ့အဖွဲ့အစည်းဖြစ်လာမယ်ဆိုတဲ့ အားပေးစကားပဲ ပြောနိုင်ခဲ့တယ်။အလုပ်သမားထုက အရပ်သားအစိုးရ ဖြစ်လာခဲ့ရင် ဆိုပြီး မျှော်လင့်ခဲ့ကြတယ်တဲ့ လက်တွေ့မှာ   ဘာမှမပြောင်းလဲဘူးဆိုတဲ့ အလုပ်သမားစစ်စစ်တွေရဲ့ အသံကြားခွင့်ရခဲ့တယ်။အခမ်းအနားအပြီးမှာ တိုက်တိုက်ဆိုင်ဆိုင် ကျနော်တို့ ရဲဘော်ကြီး ကိုမင်းနိုင် ကျဆုံးကွယ်လွန်တာ ၂နှစ်ပြည့် ဆွမ်းကျွေးနဲ့ အခါအခွင့်သင့်တော့ သွားတဲ့လူ မရှိပေမဲ့ ကျန်ရစ်သူတွေအတွက် အားပေးရ တာ ကျနော်တို့ရဲ့ ညီရင်းအကိုစိတ်မဟုတ်ပါလား။လမ်းကြောင်းသင့်နေပေတော့ ပြည်သူတွေချစ်တဲ့ ပြည်သူ့စာရေးဆရာမကြီး ဒေါ်ခင်ဆွေဦး (မေဦး) ကျန်းမားရေး ချို့တဲ့လာတယ် ကြားတော့ သွားရောက်ဂါဝရပြုမိတယ်။ကျန်းမာရေး အနေအထားက အရင်က ရွှင်လန်း လှတဲ့ မေဦး ဟာ ပိုက်တန်းအသွယ်သွယ် ချိနဲ့လာပြီ အသက်ပရွယ်ကလည်း ၈၆ နှစ်ထဲဝင်လာပြီမဟုတ်ပါလား။ မေဦး ဘယ်လို ချိနဲ့ ပေမဲ့ မင်းတို့ကို ဘယ်သူဘာပြောပြော မေဦး ကြိုက်တယ် ထောက်ခံပါတယ်တဲ့ ။မှတ်ဉာဏ်တွေက အားရစရာ မရှိပါ။ စိတ်မကောင်းပေမဲ့ မျိုးဆက်ဟောင်းတွေက အသီးသီး ချိနဲ့ အိုမင်းကုန်ကြပြီ။ ကျနော်တို့မျိုးဆက်တွေ တာဝန်ကျေဖို့ ဆရာဗန်းမော်တင်အောင် စကားလိုပဲ ခေတ်က ကျနော်တို့ပခုံးပေါ်တင်ပေးတဲ့ သမိုင်းတာဝန်ဖြစ်တဲ့ စစ်ဗြူရိုကရက်အရင်းရှင်စနစ် နဲ့ ၂၀၀၈ဖွဲ့စည်းပုံ ဆန့်ကျင်ရေးဟာ ကျနော်တို့ခေတ်ရဲ့ သမိုင်းတာဝန်ဖြစ်တယ်လို့ ထင်ကြောင်းပါဗျာ။
                                                              အိုက်နီ(ဖြူး)

                                                     ဂျူလှိုင်(၈)၊၂၀၁၈ခုနစ်
 

Comments

Popular posts from this blog

"ကျနော်သိတဲ့ ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးအကြောင်း" အိုက်နီ(ဖြူး)

"မင်းသေတာ မြတ်သည် ဒါကြောင့်မို့ တို့မငိုပြီ"