"တောင်အာဖရိက အာဇာနည်စတီဗင်လ်ဗီကိုး"

    တောင်အာဖရိက လို့ ပြောလာရင် အားလုံးရဲ့ စိတ်ထဲမှာ မြင်နေမှာက နယ်လ်ဆင်မင်ဒဲလာ ဖြစ်သလို စတီဗင်ဗီလ်ကိုး ကိုလည်း မမေ့သင့်ပါဘူး။၁၉၄၆ ဒီဇင်ဘာမှာ မွေးဖွားပြီး ၁၉၇၇ ခုနစ် စက်တင်ဘာလ ၁၂ ရက် အသက် ၃၀ အရွယ် မှာ လူသတ်သမားတွေရဲ့ အသက်ချွေတာ ခံခဲ့ရပေမဲ့ သွေးရိုးသားရိုး လူသတ်မှုတော့ ဖြစ်လိမ့်မည်မဟုတ်ပါ။စတီဗင်လ်ဗီကိုး ဟာ တောင်အာဖရိကကျောင်းသားများအဖွဲ့ဝင် (south-africa student's organisation-SASO) ဖြစ်သလို လူမျိုးရေးခွဲခြားမှုခွဲခြားသူ တောင်အာဖရိက ဆိုရှယ်လစ်ဝါဒီ တစ်ဦးဖြစ်ပါတယ်။ တောင်အာဖရိက ကို လူမျိုးရေးခွဲခြားမှုကင်းမဲ့ပြီး ဆိုရှယ်လစ်စီပွားရေးစနစ်နှင့် ရှေ့ကို ချီတက်တည်ဆောက်ချင်သူလည်းဖြစ်ပါသည်။သူဟာ သူ့ဘဝတလျှောက်လုံး ဖိနှိပ်နေတဲ့ လူဖြူ ဒီကလပ်ခ် အစိုးရ ရဲ့ ခါးသီးလှတဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ဆန့်ကျင်နေသူ (anti-apartheid ) ဆိုရှယ်လစ်ဝါဒီလူငယ် တစ်ဦးအဖြစ် ရပ်တည်နေပေမဲ့ အသက်၃၀ အရွယ်မှာ လူသတ်သမားရဲ့ သတ်ဖြတ်မှုခံခဲ့ရပါတယ်။ဒါဟာ သွေးရိုးသားရိုးမဟုတ်တဲ့ ဒီကလပ်အစိုးရ ရဲ့ခေါင်းကိုင်ဖခင် တောင်အာဖရိက ရဲ့ နိုင်ငံရေးကိုဝင်ရောက် စွက်ဖက်နေတဲ့ နယ်ချဲ့ဝါဒီတွေရဲ့လက်ချက်ဆိုတာ တော့ မလွဲမသေ မှန်ကန်နေမှာပါ။သူကျဆုံးချိန်မှာ ချစ်လှစွာသော ဇနီး Ntsiki Mashalaba နှင့် ကလေး၂ယောက် ကို ကျန်ရစ်ခဲ့ပါသည်။စက်တင်ဘာလ ၁၂ရက် ဒီည မှာ နှစ်ပေါင်း၄၀ တိတိပြည့်ပြီ ဖြစ်ပါတယ်။ တောင်အာဖရိက ရဲ့ မမေ့အပ်တဲ့ သူရဲကောင်းအာဇာနည်အဖြစ် မှတ်တမ်းပြုစုအပ်ပါသည်။
                                                                                          အိုက်နီ(ဖြူး)

Comments

Popular posts from this blog

"ကျနော်သိတဲ့ ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးအကြောင်း" အိုက်နီ(ဖြူး)

"မင်းသေတာ မြတ်သည် ဒါကြောင့်မို့ တို့မငိုပြီ"