"ဖက်ဆစ်တော်လှန်ရေးနေ့အပေါ် သဘောထား"(အမြင်သဘောထား)


    ဗမာပြည်မှာ ဖက်ဆစ်တော်လှန်ရေးလို့ ပြောတဲ့အခါမှာ ပြေးမြင်ကြတာက ဗမာပြည်ကို အောင်ဆန်းပင့်လာတဲ့ ဂျပန်တွေပဲ ပြေးမြင်တတ်ကြတယ်။တကယ်တော့ ဒုတိယကမ္ဘာစစ်အပြီးမှာ ဖက်ဆစ်တွေက အရှုံးကြီးရှုံးပြီး ဦးကျိုးသွားပေမဲ့ ဖက်ဆစ်စံနစ်ရဲ့ ဦးကိုင်ဖခင်အရင်းရှင်စံနစ်က ဒီမိုကရေစီအမည်ခံပြီး ဗိုလ်ကျနေဆဲ။ဒီစစ်ပွဲမှာ အောင်ပန်းဆင်နိုင်တာဟာ လူမျိုးပေါင်းစုံရဲ့ သွေးစည်းမှုရဲ့ ရလာဘ်ပါ။ဘုံရန်သူသတ်မှတ်ခံရတဲ့ ဖက်ဆစ်ကို ကွန်မြူနစ်အုပ်စုကော အရင်းရှင်အုပ်စုပါ ပေါင်းတိုက်ခဲ့တယ်။ဝင်ရိုးစွန်းဖက်ဆစ်တွေလည်း ရှုံးပန်းဆင်ခဲ့ရတယ်။လူထုကတော့ ခေတ်တိုင်းမှာ အောင်ပန်းဆင်နေမြဲပါ။ဒီခုခံစစ်အတွင်းမှာ ဗမာပြည်ဟာလည်း အရေးပါခဲ့တယ်။ထပ်ပြောရရင် ဗမာကွန်မြူနစ်ပြောက်ကြားတွေနဲ့ လူမျိုးပေါင်းစုံပြောက်ကြားတပ်တွေဟာ အရေးပါတဲ့အခန်းဏ္ဍက ပါဝင်ခဲ့တယ်။ဒီအောင်ပွဲဟာ ဗမာပြည်လူမျိုးပေါင်းစုံအောင်ပွဲမကဘဲ နိုင်ငံတကာသွေးစည်းညီညွတ်မှုရဲ့ ပြယုတ်ဖြစ်ခဲ့တယ်။ဖက်ဆစ်တွေကို ကမ္ဘာ့မြေပေါ်က မောင်းထုတ်နိုင်ခဲ့တယ်လို့ ကြွေးကြော်နိုင်ပေမဲ့ ဖက်ဆစ်တွေမွေးထုတ်တဲ့တပ်တွေကတော့ ရှင်သန်နေတုန်းပါပဲ။အဲ့တပ်တွေထဲမှာ ဗမာ့တပ်မတော်လည်း အပါဝင်ပါပဲ။ဖက်ဆစ်ဂျပန်ရဲ့ အမွေဆိုးကို ဆက်ခံခဲ့တယ်ဆို ပြီးခဲ့တဲ့ နှစ်၆၀ကျော် ခုခံစစ်ကြီးက ဗမာပြည်လူမျိုးပေါင်းစုံလူထုကြီးက ကောင်းကောင်းကြီး သဘောပေါက်ခဲ့ပါပြီ။ဒီနေ့ကာလထိ ဗမာလူမျိုးကြီးဝါဒ ကျင့်သုံးနေတုန်းပါပဲ။ဖက်ဆစ်တော်လှန်ရေးသမိုင်းက ရှင်သန်နေဆဲ။တိုက်ပွဲက မပြီးသေးပါဘူး။ဖက်ဆစ်ဆိုတာ ဝေးဝေးမရှာပါနဲ့ အနီးဆုံးပါပဲ။ဗိုလ်အောင်ဆန်းစကား ဌားပြောရရင် "အနီးဆုံးရန်သူကို ရှာပြီးတိုက်ပွဲဝင်ကြ" ။
                             အိုက်နီ(ဖြူး)
                     မတ်လ ၂၇ ရက် ၂၀၁၆

Comments

Popular posts from this blog

"ကျနော်သိတဲ့ ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးအကြောင်း" အိုက်နီ(ဖြူး)

"မင်းသေတာ မြတ်သည် ဒါကြောင့်မို့ တို့မငိုပြီ"