"ကဗျာတွေ ကြွေနေတာကို က ကဗျာတွေ ဝေ တာ ပါပဲ"

ဒီဇင်ဘာလထဲ
ချဉ်းကပ်ဝင်ရောက်ရင်း
ကဗျာတွေ တပုဒ်ပြီး တပုဒ်

ကြွေကျကုန်ပြီ။
ဆောင်းနှင်းပွင့်တွေဟာလည်း
ကဗျာတွေနဲ့အတူ
တဖြုတ်ဖြုတ်ကြွေဆင်း ကျလာခဲ့ပြီ။
ကြွေတာကို က ဝေခြင်းလို့
ကိုချောနွယ်က အမှာတမ်းထားခဲ့လေတော့
ကဗျာတွေကြွေရင်း ကြွေရင်း
ကဗျာတွေဝေနေခဲ့ပြီ။
ကဗျာ သကရာဇ် အရှည်တည်တံ့ပါစေလို့
နှုတ်မှ ဟ ရုံ တဖွဖွ တီးတိုးပြောရုံသာ
တတ်နိုင်တော့တယ်။
      အိုက်နီ(ဖြူး)
 နိုဝင်ဘာလ ၃၀ရက် ၂၀၁၈ခုနစ်
         ၂နာရီ ၄မိနစ်

Comments

Popular posts from this blog

"ကျနော်သိတဲ့ ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးအကြောင်း" အိုက်နီ(ဖြူး)

"မင်းသေတာ မြတ်သည် ဒါကြောင့်မို့ တို့မငိုပြီ"