"လက်ပန်းတောင်း အောင်မြေ(လွတ်မြောက်ရေး) သို့မဟုတ် သွေးစုပ်ကောင်ကို အောင်နိုင်ခြင်း"(၂၉-၁၁-၂၀၁၃လက်ပန်းတောင်း မီးလောင်ဗုံး သင့် တနှစ်ပြည့်အထိမ်းအမှတ် အလေးနီဖြင့်)
-လက်ပန်းတောင်း လက်ပန်းတောင်း
တော်လှန်ရေး နတ်သမီး မွေးဖွါးရာမြေ
ဖိနှိပ်မှုကို အံတု ၊အခွင့်အရေး တိုက်ပွဲ
မွေးဖွါးရာမြေ။
“လယ်လုပ်သူ လယ်ပိုင်ရေး” ကြွေးကြော်သံ
မိုးယံ ၌လွှင့်
မြေရှင်စံနစ် ဖျက်သိမ်းရေး ကြွေးကြော်သံ
လက်ပန်းတောင်း အနှံ့ ညံ။
လက်ပန်းတောင်း ရဲ့ အခွင့်အရေးတိုက်ပွဲ
လက်ပန်းတောင်း ရဲ့ လွတ်မြောက်ရေးတိုက်ပွဲ
ဖိနှိပ်ခံ လယ်သမားတွေရဲ့ အောင်တံခွန်
မီးနဲ့ မြှိုက် သပိတ်ကို ဖြို ရနိုင်ရိုးလား။
ဇွဲသတ္တိနဲ့ တော်လှန်ရေးသစ္စာ
ညှိုးရိုးမရှိ
“ တိုက်ပွဲရှိမှ အောင်ပွဲရှိမည်”
နှလုံးကို သွင်း
ဖိနှိပ်သူ ကို တော်လှန်
မိမိအခွင့်အရေး အတွက် တိုက်ပွဲဆင်။
လူထုသာ လျှင် ခေါင်းဆောင်
လူထုသာ လျှင် ကယ်တင်ရှင်
လက်ပန်းတောင်းမြေ မှ စ
တော်လှန်သော အလံ မြန်ပြည်တဝန်း လွှင့်
လွတ်မြောက်ရေး လွတ်မြောက်ရေး ငါတို့ လွတ်မြောက်ရေး။ ။
အိုက်နီ(ဖြူး)
1/dec/2013
Comments
Post a Comment