" ဆရာချောနွယ်သို့ "
မြစ်ဧရာရဲ့ အကွေ့ မှာ
ရွှေရောင်တလက်လက်နဲ့
ဓနရှင်တွေကို ကိုယ်စားပြုတဲ့
လေးဆူဓါတ်ပျော် ပြည်ရွှေဆံတော်။
ရွှေရောင်တလက်လက် မီးရောင်တဖျတ်ဖျတ်
အောက်မှာ
လေးဆူဓါတ်ပျော်ကြီးရဲ့ မေတ္တာရိပ်ကြောင့်
homeless လမ်းဘေးကလေးငယ်တွေ
တယောက်တနေရာ တပ်စွဲ ဆာလောင်မှုတွေနဲ့
မေးတင်နေလျက်
သူတို့ဟာ လမ်းဘေးကလေးငယ်တွေ
တနည်း ဂရုဏာလက်ကျောင်းတော်သားတွေ
ဆာလောင်မှုတွေကို ဖြေလျော့ဖို့
သူတို့နံဘေး ကော်ဗူးတွေခြံလျက်ပေါ့။
ဆာလောင်မှုတွေ ပူဆွေးမှုတွေအောက်မှာ
မြစ်ဧရာက စီးဆဲ ပြည်မြို့ရဲ့အလှက
ပနံတင့်နေဆဲ။
ပြည်မြို့ရဲ့ ဆိုင်းဘုတ်ကို ကျောမှီ
ဘဝရဲ့ အမော ဘဝရဲ့ ဆာလောင်မှုကို
တေးသီးချင်းတွေ အဖြစ်သီကုံးနေတဲ့ ကိုခင်ဝမ်း
အခုတော့ သူလည်း နှုတ်ဆက်လေပြီ
သူရဲ့ တေးသီချင်းက ရှင်သန်ဆဲ
လူငယ်လေးတွေရဲ့ အပျိုလှည့်တေးလည်း
ဖြစ်သလို
ဘဝအမောတွေကို ပုံဖေါ်တဲ့ ကျောက်ဆစ်စကားလုံးတွေ။
တပြိုင်နက်တည်းမှာ•••••••••••
ချောင် ကျကျ တနေရာ အမိုးက ကျိုးတိုးကျဲတဲ
ဆင်းရဲသား အခြေခံလူတန်းစားတွေရဲ့ဘဝအမောဖြေရာ
ဆင်းရဲသားများဆန္ဒထုတ်ဖေါ်ရာ
BEအရက်ကြမ်းဆိုင်လေး ဝိုင်းအသီးသီးက
မတူတဲ့ဆန္ဒတွေ တတွတ်တွတ်ပြောနေဆဲ။
သူတို့ သူတို့ကြားထဲမှာ ဆံနွယ်ကောက်ကောက်
ညစ်စုတ်စုတ်နဲ့ သူ••••
ဆင်းရဲသားတွေရဲ့ ဆန္ဒအစုံ ကဗျာစာသားအဖြစ
ပုံဖေါ်နေတဲ့ ပစ္စည်းမဲ့ ကဗျာဆရာချောနွယ်
သူက ခပ်ထွေထွေပါပဲ
သောက်နေတဲ့ အရက်ထဲ sodaသူမရောပါဘူး
သူရောစပ်နေတာက ဆင်းရဲသားထုရဲ့
လက်မောင်းသွေးနဲ့ စပ်တူရောစပ် မှီဝဲနေတယ်
ပြီးရင် ချွေးငွေ့တွေအဖြစ် ကဗျာတွေကို ဖန်တီးမယ်။
သူဟာ ဆင်းရဲသားတွေကို ကိုယ်စားပြုတယ်
တနည်း သွေးစုပ်ခံတွေရဲ့ ဘဝကို ပုံဖေါ်နေတဲ့
ပစ္စည်းမဲ့ ကဗျာဆရာ။
သူသေတာ ၁၃နှစ်ရှိသွားပါပြီ
သွေးစုပ်ခံတွေလည်း သွေးစုပ်ခံရဆဲ
သူ့ကဗျာတွေကတော့ ဆင်းရဲသားထုကို
ကိုယ်စားပြုဆဲ
တော်လှန်ပုန်ကန်သူတွေအတွက် ခွန်အားဖြစ်
အရက်တခွက်ပါပဲ။
သူသေသွားပါပြီ သူနာမည်နဲ့ ကဗျာ ကတော့
ထာဝရရှင်သန် နေမှာပါ။ ။
အိုက်နီ(ဖြူး)
၃ရက် စက်တင်ဘာ ၂၀၁၅
Comments
Post a Comment