"ပန်းနှင့်တူသောသူ" (ဆရာဒဂုန်တာရာ ကျဆုံးခြင်း ဝမ်းနည်းခြင်း အထိမ်းအမှတ် ရေးစပ်သည်)


 ကဗျာကို ချစ်သောသူ
 ကဗျာက ချစ်သောသူ
 လူထုကို ချစ်သောသူ
 လူထုက ချစ်သောသူ
 သူ....သူ..........။
 တော်လှန်ရေးကို ကမ်းလင့်သူ
 ဗဟိန်း အောင်ဆန်း ကိုချစ်တဲ့သူ
 ပါတီကို ချစ်တဲ့သူ
 ပါတီက အသိမှတ်ပြုတဲ့သူ
 လွတ်လပ်ရေးကို ချစ်တဲ့သူ
 ငြိမ်းချမ်းရေးကို ချစ်တဲ့သူ
 ဗဟိန်းကို ကဗျာဆရာဖြစ်စေချင်တဲ့သူ
 ဗဟိန်းက တော်လှန်ရေးသမားဖြစ်စေချင်တဲ့သူ
 ပန်းပွင့်နှင့်တူသောသူ
 သူ....သူချစ်တဲ့အရာတွေကို စွန့်ခွာ
 ထာဝရငြိမ်းချမ်းရေးဆီ သွားလင့်ပြီ။
 ဆရာ...မျိုးဆက်သစ်တွေ ပခုံးထမ်း
 တာဝန်တွေနဲ့ ဆရာ့ကိုနှုတ်ဆက်လိုက်ပါတယ်။     ။
                                                        အိုက်နီ(ဖြူး)
                                                    19/Aug/2013

Comments

Popular posts from this blog

"ကျနော်သိတဲ့ ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးအကြောင်း" အိုက်နီ(ဖြူး)

"မင်းသေတာ မြတ်သည် ဒါကြောင့်မို့ တို့မငိုပြီ"