"ဆောင်း"
-တောင်စဉ်တန်းကို ဖြတ်ကျော်
ရောင်ခြည်ဦးလည်း နှင်းထုကိုအံတု
လောကမြေဆီ အန်ထွက်ခဲ့တယ်
လောကတပြင် ဆီးနှင်းထုက
အနိုင်ယူစိုးမိုး ဆောင်းလို့ခေါ်တယ်တဲ့လား။
-ဆောင်းရဲ့အထိတွေ့ ဆောင်းရဲ့ရနံ့
ဆွတ်ပျံရင်ထဲ ကြက်သီးတဖျန်းဖျန်း
ချမ်းအေးမှုရဲ့ မိခင် အလှဖန်တီးရှင်ရဲ့မိခင်
အော်....ဆောင်းတဲ့လား။
-သြကာသလောကရဲ့
သဘာဝက ပေးစွမ်း ဖန်တီးထားတဲ့
သစ်ပင်ပန်းမန် တောတောင်ရေမြေ
ဆောင်းနှင်းထုရဲ့ ထိတွေ့မှုနှင့်
အရောင်တွေပြောင်း
လောကကို အလှဆင် အို...ဆောင်းရယ်။
-ဆောင်းဘုရင် ဆီးနှင်းထုရဲ့ အထိတွေ့မှာ
အရာအားလုံး အိပ်မောကျ
ကမ္ဘာမြေကြီးလည်း ဆိတ်ဆိတ်ငြိမ်လျက်
အော်.......ဆောင်းရဲ့သတ္တိ
ဆောင်းရဲ့အထိတွေ့
ဆောင်းရဲ့စေတနာ
မေတ္တာစေတနာပိုင်ရှင် ဆောင်း ဆောင်း ဆောင်း။ ။
အိုက်နီ(ဖြူး)
1/nov/2013
Comments
Post a Comment