"သံတိုင်ကြားမှ သုံးရာသီ"
- သံတိုင်အကွယ် တိုက်ခန်းငယ်မှာ
လေဘယ်အရပ်က တိုက်နေသလဲ ။
- လျှပ်ပျက်ထစ်ချုန်း
ဝုန်းဝုန်းဒိုင်းဒိုင်း အသံလှိုင်းများ
နားကကြားရဲ့ မိုးပွားမိုးပေါက်
ရေသရောက်က ဟောက်သံငေါက်သံ
အမိန့်သံကို လွှမ်းမျိုလေသော်
အော်... မိုးရာသီပေဘဲ ။
- တောင်လေဘယ်မှာ မြောက်လေဘယ်က
မှန်းဆမသိ အမိရင်ခွင်
တိုးဝင်နွေးလို မီးဖိုလေးတ
နေခြည်လေးတ မရနိုင်ဘူး
ချမ်းပုံထူးမှ ဒူးနှစ်လုံးဖက်
ရက်စက်လှသော ဆောင်းပေကိုး ။
- လက်ခုံပေါ်မှာ
လျောလာသက်တဲ့ ရေစက်များ ။
- နှလုံးသားက
ခံစားစိမ့်ထွက် မျက်ရည်စက်လား ?
လျှပ်စီးမလက် မိုးရေစက်လား ?
- ရေအစက်များ
စိုရွှဲသွားမှ လေမဝသော
ခယောင်းတောမှာ စောကြောပီပြင်
ပူချင်ပူစမ်း ဒင်းအစွမ်းဖြင့်
ချွေးမခဏ်းချေ
နွေရာသီလျှင် လေးလထဲ ။ ။
မစိမ်းပင်
- ကဗျာမီးပွား ကဗျာစာအုပ်၁၉၇၂
Comments
Post a Comment