"ငါ့တရားမှန်တယ်"
အတွေးမရှင်းရင် အလုပ်မရှုင်းဘူးတဲ့
ခုတော့ သူတို့
အတွေးရှင်းလို့ အလုပ်လည်းရှင်းခဲ့ပါပြီ
၂၀၀၈ကို သစ္စာတော်ခံရင်း
လူထုအပေါ် ကျောခိုင်းဖို့
ဝန်မလေးတော့ဘူးဆိုတာ သိလိုက်ပါပြီ
သူတို့ပြောနေတဲ့ ရင်ကြားစေ့ရေးက
ဗမာပြည်ဓနရှင်တွေရဲ့ ခေါင်းကိုင်ဖခင် စစ်အုပ်စုကို
ညွှန်းဆိုနေသလား မသိခဲ့ရိုးပါ
မဲဆွယ်တုန်းက မျက်နှာပြောင်တိုက်
ဖယ်ဒရယ်စကားတွေ တဖွဖွပြောရင်း
ခုတော့
စစ်ဖယ်ဒရယ်ကို ဖုတ်သွင်း
စစ်မိုကရေစီရထားကြီး မောင်းထွက်တော့မယ်
လိုက်လိုသူတွေလိုက်ကြပါ
၂၀၀၈ဖျက်ရေး ပြည်သူ့ဖယ်ဒရယ်မူတွေ
ကျောမခိုင်းနိုင်လို့
မင်းတို့နဲ့ လမ်းခွဲခွင့်ပြုပါ
လမ်းလည်းမတူ မူလည်းမတူ
ဆုံစရာ လမ်းလည်းတူဖို့ မဖြစ်တော့ပြီမို့
ဘက်တဖက်ဆီ ရပ်ကြပါတော့
ရေပေါ်ဆီလူတစု နဲ့ သွေးစုပ်ခံလူတန်းစားအကြား
ပြတ်သားစွာ သွေးစုပ်ခံလူထုကြီးအပေါ်
ရပ်တဲ့ငါ့တရားမှန်တယ်။
အိုက်နီ(ဖြူး)
18/May/2016
ဗဟိန်းဂျာနယ် တွဲ ၂ အမှတ် ၁
Comments
Post a Comment