"ပြည်သူ့ဝရမ်းပြေး"
-အမှတ်မထင်
နံပါတ်တုတ်ရိုက်သံ
ပူကနဲ ခံစားမှုနှင့်အတူ
နီစွေးသော သွေးတို့
ယိုစီးကျလျက်
လက်အစုံကို ချုပ်နှောင်ခံလိုက်ရ
အပြစ်သားတို့အတွက် လက်နက်တစုံ။
-ရန်သူရဲ့ အမုန်းတရားကို
ကျေနပ်စွာခံယူ
ပြည်သူ့ရဲ့ ချစ်ခင်ကြင်နာမှုကို
အဆုံးတိုင် ခံယူရင်း
ရန်သူလက်တွင်းမှ
လွတ်မြောက်ရန် ရှောင်တိမ်းနေခဲ့။
- ကြောက်၍သော်မဟုတ်
ရန်သူကို ချေမှုန်းရန်အတွက်
ပြည်သူ့ မေတ္တာကို ခံယူ
ရန်သူကို အမြစ်ပြတ်ချေမှုန်း
ရန်သူ သတ်မှတ်တဲ့
ဝရမ်းပြေး....
ဟုတ်တယ်..ငါဟာ
ပြည်သူ့ဝရမ်းပြေး။ ။
အိုက်နီ(ဖြူး)
1/jun/2014
Comments
Post a Comment