"ကမ္ဘာ့ကုလသမဂ္ဂအ​ထွေ​ထွေညီလာခံ စင်မြင့်​ပေါ်က သံတမန်​ရေးတိုက်ပွဲ"

    ဇွန်လ (၁၈)ရက်​နေ့က ကမ္ဘာ့ကုလသမဂ္ဂအ​ထွေ​ထွေညီလာခံမှာ အငြင်းပွားဖွယ်ဖြစ်​နေတဲ့ မြန်မာနိုင်ငံအ​ရေးဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ပါတယ်။ အချိန်ကာလ​ပေါင်းများစွာ ကုန်ဆုံးကြာမြင့်နိုင်ခဲ့​ပေမယ့် မြန်မာနိုင်ငံပြည်သူ​တွေရဲ့ ဆန္ဒသ​ဘောထားကိုအ​လေးထားပြီး မြန်မာပြည်သူ​များရဲ့ ဆန္ဒအတိုင်း မြန်မာစစ်အုပ်စုကို အ​ရေးယူပိတ်ဆို့ဖို့ ချမှတ်လိုက်နိုင်တာပဲဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံ​ပေါင်း (၅၃)နိုင်ငံက ​မေလထဲမှာ ပူးတွဲ​ဖော်ပြခဲ့​သော်လည်း ဇွန်လအလယ်​ရောက်မှသာ ချမှတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ အ​ရေးယူဖို့အချက်​တွေထဲမှာ လက်နက်စီးဝင်မှုတားဆီး​ရန်၊ မတရားဖမ်းဆီးခံထားရသူများ ပြန်လွတ်​ပေးရန်၊ အကြမ်းဖက်လူသတ်​နေမှုများရပ်တန့်ရန် တို့ပါဝင်တာပဲဖြစ်ပါတယ်။ ညှိုနှိုင်းမှုအရ မဲခွဲမှုမရှိဘဲ ကန့်ကွက်သူမရှိ အဆိုကိုအတည်ပြုဖို့​ဆောင်ရွက်ခဲ့​ပေမယ့် ထင်မှတ်မထား​တဲ့ ဘီလာရုစ်(Belarus) ဆိုတဲ့ ဥ​​ရောပနိုင်ငံငယ်​လေးက မဲခွဲ​ပေးဖို့​တောင်းဆိုခဲ့တာ​ကြောင့် မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။ မဲခွဲဆုံးဖြတ်ရာမှာ ​ထောက်ခံမဲ (၁၁၉) မဲ၊ ကန့်ကွက်မဲ (၁) မဲ၊ ကြား​နေ (၃၆) မဲနဲ့ အဆိုအတည်ပြုခဲ့တာပဲဖြစ်ပါတယ်။ ထင်မှတ်မထားတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်က​တော့ မြန်မာ့စစ်အုပ်စုဘက်ကအမြဲရပ်တည်​ပေး​နေတဲ့ တရုတ်နဲ့ ရုရှားက ကန့်ကွက်မဲမ​ပေးဘဲ ကြား​နေခဲ့တာပဲဖြစ်ပါတယ်။ အာဆီယံနိုင်ငံများထဲကလည်း ကန့်ကွက်တဲ့နိုင်ငံမရှိခဲ့သလို အင်ဒိုနီးရှား၊ မ​လေးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ မြန်မာ(ဦး​ကျော်မိုးထွန်း) တို့က အဆိုကို​ထောက်ခံခဲ့ကြပြီး လာအို၊ ထိုင်း၊ ဘရူနိုင်းနဲ့ က​မ္ဘောဒီးယားနိုင်ငံတို့က ကြား​နေခဲ့တာ​ကြောင့် မြန်မာစစ်အုပ်စုဟာ အာဆီယံရဲ့မဲ​ရော၊ တရုတ်နဲ့ရုရှားရဲ့မဲပါ ဆုံးရှုံးခဲ့တာပဲဖြစ်ပါတယ်။ ကုလသမဂ္ဂအစည်းအ​ဝေးတစ်​လျောက်မှာ အာဏာသိမ်းစစ်ကောင်စီကို စစ်အစိုးရ၊ နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေးကောင်စီစတဲ့ အမည်​တွေအသုံးမပြုသွားဘဲ (Myanmar Armed Forces) မြန်မာ့လက်နက်ကိုင်အင်အားစုလို့ပဲသုံးနှုန်းသွားတာပဲဖြစ်ပါတယ်။ ဒီအချက်အလက်က ကမ္ဘာ့နိုင်ငံများဟာ အကြမ်းဖက်စစ်​ကောင်စီကို နိုင်ငံ​ရေးအရအသိအမှတ်မပြုဘဲ တရားမဝင်အဖွဲ့အဖြစ်သုံးနှုန်းခဲ့တာပဲဖြစ်ပါတယ်။ ​နောင်လာမယ့် (၇၆)ကြိမ်​မြောက်အ​ထွေ​ထွေညီလာခံမှာ ညီလာခံကိုယ်စားလှယ်စီစစ်​ရေး​ကော်မတီ (Credential Committee) မှာစစ်​ကောင်စီက​ရော၊ NUG ကပါ အပြိုင်အဆိုင်ကိုယ်စားပြုခွင့် ​လျောက်ထားကြရမှာပဲဖြစ်ပါတယ်။ စစ်​ကောင်စီကိုယ်စားလှယ်ကို အသိအမှတ်ပြု​ရေး စစ်​ကောင်စီက​​ရော၊ တရုတ်နဲ့ရုရှားကပါ စည်းရုံး​ပေးမှာ ဖြစ်နိုင်သလို NUG ကိုယ်စားလှယ်အသိအမှတ်ပြုခံရဖို့ NUGဘက်ကလည်း အားထုတ်ကြိုးပမ်းရမှာဖြစ်ပါတယ်။ NUG အစိုးရအ​နေနဲ့ သံတမန်​ရေးတိုက်ပွဲကို အနိုင်ယူဖို့အစွမ်းကုန်ကြိုးစားရမှာပါ။ ​မေလရဲ့ ကုလသမဂ္ဂအ​ထွေ​ထွေညီလာခံ သံတမန်​ရေးတိုက်ပွဲမှာ​တော့ စစ်​ကောင်စီဘက်က အ​ရေးနိမ့်​နေပြီဖြစ်​ကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။
                                                                                                           အိုက်နီ(ဖြူး)
                                                                                                   ဇွန်လ(၁၉)၊၂၀၂၁ခုနစ်

Comments

Popular posts from this blog

"ကျနော်သိတဲ့ ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးအကြောင်း" အိုက်နီ(ဖြူး)

"မင်းသေတာ မြတ်သည် ဒါကြောင့်မို့ တို့မငိုပြီ"