Posts

Showing posts from November, 2021

"အပစ်ရပ် ငြိမ်းချမ်းရေးက အဖြေလား၊ တော်လှန်ရေးက အဖြေလား" အိုက်နီ(ဖြူး)

     လက်နက်ကိုင်တော်လှန်ရေး ဒီရေဟာ တရွေ့ရွေ့နဲ့ အခုဆိုရင် တော်လှန်ရေးလှိုင်းလုံးကြီးအဖြစ် တားမရဆီးမရ ပြည်သူလူထုတရပ်လုံးက စစ်အာဏာရှင်စနစ်ကို ချေဖျက်တိုက်ပွဲဝင်နေပြီ ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေး ဒီရေမြင့်ရောက်တိုင်း တော်လှန်ရေးလှိုင်းလုံးကို တားဆီးဟန့်တားဖို့ လုပ်ဆောင်နေတဲ့ သွေဖည်ရေး အချောင်သမားတွေက ခေတ်တိုင်း စနစ်တိုင်းမှာ ပေါ်ပေါက်လာလေ့ ရှိပေမဲ့ ဘယ်သွေဖည်ရေးသမားကမှ တော်လှန်ရေးလှိုင်းလုံးကြီးကို ဟန့်တားနိုင်ခြင်းမရှိဘဲ သမိုင်းလှည်းဘီးအောက်မှာ နင်းချေဖျက်ဆီးခံခဲ့ရတာပဲ ဖြစ်ပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ စုဖွဲ့ထားတဲ့ PPST အဖွဲ့က NCA က အသက်ဝင် နေသေးတယ်၊ ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းကြဖို့ ပြောဆို လုပ်ဆောင်နေတာတွေက ပြည်သူလူထု တရပ်လုံးက ပြင်းပြင်းထန်ထန် ဆန့်ကျင်ရမှာဖြစ်ပြီး ဒီဖောက်ပြန်သွေဖည်ရေးလမ်းစဥ်က စစ်အုပ်စုကို အလုပ်အကျွေးပြုပြီး ပြည်သူလူထုကို ကျောခိုင်းရေးလမ်းစဥ်ပဲ ဖြစ်ပါတယ်။ စစ်အုပ်စု အလိုကျ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးဆိုတဲ့ ခေါင်းစဥ်တပ်ထားတဲ့ ဓားသွားထက်က ပျားရည်စက်ပဲ ဖြစ်ပါတယ်။ ဖောက်ပြန်ရေးလမ်းစဥ်ကို ပြည်သူလူထုတရပ်လုံးရဲ့ စစ်အာဏာရှင် စ...